Sule Kitchen

sulekitchen1

မြို့လယ်ကောင်မှာတည်ရှိပြီး ဈေးနှုန်းသက်သက်သာသာ၊ နေရာထိုင်ခင်းသပ်သပ်ရပ်ရပ်နဲ့ အစားအစာတွေ သုံးဆောင်နိုင်မယ့် Sule Kitchen ဆိုတဲ့ ဆိုင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

sulekitchen2

တည်နေရာနဲ့ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .

အမှတ် ၁၄၂၊ ၁၄၆၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉- ၇၇၈၉၄၃၁၂၂၊ ၀၉-၇၇၈၉၄၃၁၃၂ နဲ့ ၀၉-၇၇၈၉၄၃၁၃၇ တို့ ဖြစ်ပါတယ်။

ရည်ရွယ်ချက် . . .

Sule Kitchen ကို ရွှေလမင်းဆေးရုံပိုင်ရှင်က စဖွင့်ခဲ့တာဖြစ်တယ်။ အဓိကရည်ရွယ်ချက်က ဆေးရုံက လူနာတွေနဲ့ လူနာစောင့်တွေအတွက် အစားအသောက်တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူစားသောက်နိုင်အောင် ရည်ရွယ်ပြီးဖွင့်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဆေးရုံနဲ့ဝေးနေလို့ နောက်ပိုင်းမှာ Delivery ပုံစံလုပ်ဖို့ စီစဉ်ထားပါတယ်။ Sule Kitchen မှာ ဟိုတယ်မှာ စားရတယ်ဆိုတဲ့ ခံစားမှုမျိုးရအောင် ကျယ်ကျယ်ဝန်းဝန်း ထိုင်ရမယ်၊ အစားအသောက်ဆိုလည်း သန့်သန့်ရှင်းရှင်း စားရမယ်။ နေရာအခင်းအကျင်းတွေဆိုလည်း ခုံတွေ စီထားတာကအစ ဟိုတယ်တွေမှာခင်းကျင်းထားသလို လွတ်လွတ်လပ်လပ်ဖြစ်အောင် လုပ်ထားပါတယ်။

sulekitchen5

ဆိုင်ဖွင့်ချိန် . . .

မနက် ၆ နာရီကနေ ညနေ ၁၀ နာရီအထိ ဖွင့်ပါတယ်။

sulekitchen6

ရရှိနိုင်တဲ့ Menu တွေ . . .

အစားအသောက်ပိုင်းမှာ တရုတ်အစားအစာနဲ့ အာရှအစားအစာတွေရှိတယ်။ Fast Food ဆိုပြီး ကြက်ကြော်၊ ဘာဂါ၊ Sandwiches တွေကို အမြန်စားနိုင်အောင် လုပ်ထားပါတယ်။ ငါးသားချောင်းကြော်ကလည်း ငါးတစ်ကောင်လုံးရဲ့အသားကို သီးသန့်လှီးပြီးတော့ အရိုးလုံးဝမပါဘဲ ကြော်ထားတာဖြစ်တယ်။ ကြေးအိုး၊ ကြေးအိုးဆီချက်၊ ဆီချက်ခေါက်ဆွဲတွေကို သီးသန့်ကောင်တာတစ်ခုနဲ့ Live Station လုပ်ထားပါတယ်။ Live Station ဆိုတာက အစားအသောက်ပြင်ဆင်နေတာတွေကို ဧည့်သည်ကိုယ်တိုင်မြင်နေရမယ့် ပုံစံမျိုးစီစဉ်ထားတာဖြစ်တယ်။ ဆိုင်အနီးနားတစ်ဝိုက်မှာရှိတဲ့ နေရာတွေကို အခမဲ့ပို့ပေးပါတယ်။ ဆိုင်မှာ အရက်ဘီယာလုံးဝမရောင်းတဲ့ ရည်ရွယ်ချက်ကတော့ မိသားစုတွေလာရောက်စားသောက်တဲ့အခါ လွတ်လွတ်လပ်လပ်စားသောက်နိုင်ဖို့ ဖြစ်ပါတယ်။ ကော်ဖီကို စပိန်က ကော်ဖီစေ့စစ်စစ်ကို ဝယ်ယူပြီး ဒီမှာရောက်မှ ကိုယ်တိုင်ကြိတ်သုံးပါတယ်။ အီတလီက ကော်ဖီစက်ကို တိုက်ရိုက်မှာပြီးတော့ သုံးထားပါတယ်။ တခြားဖျော်ရည်တွေနဲ့ အသီးဖျော်ရည်မျိုးစုံလည်းရပါတယ်။ အခုလက်ရှိမှာ နွေရာသီအတွက် ရည်ရွယ်ပြီးတော့ ဖာလူဒါပုံစံမျိုးအအေးတွေ လုပ်ထားတယ်။ နောက်ပြီး မြန်မာရေခဲသုပ်၊ ရေခဲခြစ်တွေကို ပဲ၊ ပြောင်းဖူး၊ နို့ဆီ၊ အုန်းပစ္စည်းအစုံထည့်ပြီး ပုံစံသစ်တွေလုပ်ထားပါတယ်။

အစားအသောက်ဈေးနှုန်းတွေ . . .

ဈေးနှုန်းကလည်း စားသုံးသူတွေအတွက် အဆင်ပြေစေမယ့်ဈေးနှုန်းတွေဖြစ်ပါတယ်။ ဥပမာ - မနက်စာအကြော်မျိုးစုံနဲ့ မုန့်ဟင်းခါး၊ ဟင်းရည်၊ အချိုတည်းဖို့ မြန်မာမုန့်နဲ့ လက်ဖက်ရည်တစ်ခွက် အားလုံးပေါင်းမှ ၁,၅၀၀ ကျပ်ပဲ ကျသင့်မှာဖြစ်တယ်။ အများဆုံးဈေးဆိုရင်တော့ ကြက်ကောင်လုံးပေါင်း၊ ငါးကောင်လုံးကင်၊ ငါးသံပရာပေါင်းတွေက ကျပ်တစ်သောင်းအထိရှိပါတယ်။

sulekitchen4

ဆိုင်ရဲ့ထူးခြားချက်နဲ့ တခြားဝန်ဆောင်မှုတွေ . . .

ထူးခြားချက်ကတော့ ဗြိတိသျှခေတ်က အဆောက်အအုံကို ပုံစံလုံးဝမပြောင်းဘဲ သန့်ရှင်းရေးလုပ်ပြီး ဆေးသုတ်ထားပါတယ်။ ဒါကြောင့် အပြင်ကကြည့်လိုက်ရင်တော့ အဆောက်အအုံက ဟောင်းနေတဲ့ပုံစံဖြစ်နေပေမဲ့ အတွင်းထဲမှာတော့ တကယ့်ကိုထိုင်ချင်စရာလေးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဟိုတယ်အတွေ့အကြုံရှိတဲ့ စားဖိုမှူးတွေကို ခန့်ထားပါတယ်။ အစားအသောက် အရသာတွေကိုလည်း ကောင်းမကောင်းအမြဲစစ်ဆေးမှုတွေ လုပ်ပါတယ်။ အစားအသောက်တွေ ပြင်ဆင်တဲ့နေရာမှာလည်း သန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက် အထူးဂရုစိုက်ပြီးလုပ်ပါတယ်။ နောက်ပြီး မင်္ဂလာပွဲ၊ မွေးနေ့ပွဲ၊ အစည်းအဝေးပွဲတွေ လုပ်လို့ရပါတယ်။ အစည်းအဝေးပွဲတွေအတွက် Projector နဲ့ Computer လည်း စီစဉ်ထားပါတယ်။

sulekitchen3

အနာဂတ်အစီအစဉ် . . .

Promotion တွေရှိပါတယ်။ ဧည့်သည်က လာစားတဲ့အခါ Discount Card ဖြည့်တဲ့ ပုံစံကွက်ပေးတယ်။ တစ်ကွက်ကို ကျပ်တစ်သောင်းနှုန်းနဲ့ ၂၈ ကွက်ပြည့်သွားတဲ့အခါမှာ Forever ၁၅ ရာခိုင်နှုန်း Discount Card ထုတ်ပေးပါတယ်။ ၁၅ ရာခိုင်နှုန်း Discount Card ကနေ နောက်ထပ် ၂၀ ကွက် ပြည့်သွားတဲ့အခါ ၂၀ ရာခိုင်နှုန်း Discount Card ကို ထုတ်ပေးမှာဖြစ်တယ်။ နောက်ထပ် ၂၀ ကွက် ထပ်ပြည့်သွားမယ်ဆိုရင် ၂၅ ရာခိုင်နှုန်း Discount Forever Card တွေပေးဖို့ အစီအစဉ်တွေရှိပါတယ်။

သန္တာညွှန့်ဝင်း