Starbucks က သူ့ရဲ့ဂျပန်လုပ်ငန်းအားလုံးကို ဒေါ်လာ သန်း ၉၀၀ နဲ့ ဝယ်မယ်

[caption id="attachment_17183" align="alignnone" width="720"]Starbucks တိုကျိုမြို့ရှိ Starbucks ကော်ဖီဆိုင်တစ်ခု[/caption] Starbucks ဟာ ဂျပန်နိုင်ငံရှိ သူ့ရဲ့ လုပ်ငန်းအားလုံးကို ဒေါ်လာသန်း ကိုးရာ နဲ့ အပြီး အပြတ်ဝယ်ယူ တော့မှာဖြစ်ပါ တယ်။ ၁၉၉၆ ခု နှစ်တုန်းက အမေ ရိကန်ပြည်ထောင်စုပြင်ပနိုင်ငံတွေကို Starbucks က လုပ်ငန်းတွေ ချဲ့ ထွင်တဲ့အခါ ဂျပန် ဟာ ပထမဦးဆုံး Starbucks လုပ် ငန်းတွေ လုပ်ကိုင်တဲ့နိုင်ငံဖြစ်ပါ တယ်။ အထက်ပါ သတင်းကြောင့် ဂျပန်ရှိ Starbucks Coffee လုပ် ငန်းရဲ့ ရှယ်ယာတန်ဖိုးတွေဟာ ၄.၅ ရာခိုင်နှုန်းတက်သွားပါတယ်။ ယခုအခါ ဂျပန်နိုင်ငံမှာ Starbucks ဆိုင်ခွဲပေါင်း တစ်ထောင် ကျော် ရှိနေပြီဖြစ်ပါတယ်။ ဝန်ထမ်း ပေါင်း ၂၅,၀၀၀ လောက်ရှိပါတယ်။ Starbucks ဟာ ဂျပန်မှာပဲ Teavana ဆိုတဲ့ ဆိုင်ခွဲအသစ်တွေ ဖွင့်လှစ်သွား မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: AFP