Star City မှ အဆင့်မြင့် အိမ်ရာတိုက်ခန်းသစ်များ

Yoma-Strategic-Holdings post pic Yoma Strategic Holdings  မှ သန်လျင်မြို့နယ်မှာရှိတဲ့ ၁၃၅ ဧကအကျယ်အဝန်းရှိ ကြယ်စင်မြို့တော် (Star City) မှ အဆင့်မြင့် အိမ်ရာတိုက်ခန်းသစ်ပေါင်း ၄၃၃ ခန်းကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၃ရက် တုန်းက စင်ကာပူနိုင်ငံ ကြယ်စင်မြို့တော် (Star City) အရောင်းပြခန်း၊ ရန်ကုန်မြို့ သန်လျင်ရှိ အရောင်းပြခန်း နဲ့ မန္တလေးမြို့ရှိ Mandalay Hill Resort ဟိုတယ်တို့မှာ တစ်ပြိုင်နက် ဘိုကင်လက်ခံပြီးရောင်းချသွားခဲ့ပါတယ်။ ရောင်းချပေးခဲ့တဲ့ အဆောက်အအုံ B-3 နှင့် B-4 ရှိတိုက်ခန်းအသစ်တွေဟာ ကြယ်စင်မြို့တော်၏ အိမ်ရာ ဇုန်ဘီ (Zone B)၏ နောက်ဆုံးအကြိမ် အဖြစ်ရောင်းချပေးခဲ့တဲ့ တိုက်ခန်းတွေဖြစ်ပါတယ်။ Zone B ဟာ Yoma Strategic မှ ၂၀၁၃ ခုနှစ်ဧပြီလတွင်စတင်ပြီး ၂၀၁၆ ခုနှစ် ပထမလေးလပတ်အတွင်း ပြီးစီးအောင်ဆောက်လုပ်ဖို့ ရည်မှန်းထားတဲ့ အိမ်ရာသစ် တည်ဆောက်မှုအဆင့် ငါးဆင့်ရှိတဲ့အထဲမှ ဒုတိယအဆင့် ဖြစ်ပါတယ်။  ကြယ်စင်မြို့တော် အိမ်ရာမှာ အရောင်းဆိုင်ခန်း၊ စားသောက်ဆိုင်နဲ့ ဘဏ်လုပ်ငန်းတွေလည်း ဖွင့်လှစ်လုပ်ကိုင်သွားဖို့ လက်မှတ်ရေးထိုးပြီး ဖြစ်လို့ လအနည်းငယ်အတွင်း လုပ်ငန်းတွေ စတင်လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ကြယ်စင်မြို့တော် Star City ရဲ့ အရည်အသွေးမြင့် အိမ်ရာစီမံအုပ်ချုပ်မှု ကြယ်စင်မြို့တော် (Star City) မှာ နေထိုင်သူတွေ အဆင်ပြေစေဖို့ စီစဉ်ပေးထားတာတွေထဲမှာ၂၄ နာရီ လုံခြုံရေး၊ public area နေရာတွေကို စောင့်ရှာက်ထိန်းသိမ်းမှု၊ အသေးစားပြင်ဆင်မှုတွေကနေ အကြီးစားပြုပြင်မွမ်းမံမှုတွေ အထိ ပြုလုပ်ချင်တဲ့သူတွေအတွက် ဝန်ဆောင်မှုပေးမယ့် ဌာနတွေ ပါဝင်ပါတယ်။ ကြယ်စင်မြို့တော် (Star City) ခြံဝင်းမြေပြင် အလှဆင်ခြင်း နဲ့ ရေမလျှံ ရေမဝပ်အောင် ဆောင်ရွက်ထားသော စနစ်များ၊ မီးအားပေးစက်နှင့် သောက်သုံးရေအဖြစ် သန့်စင် ထုတ်လုပ်ပေးမည့် ရေသန့်စနစ်စတာတွေလည်း ပါဝင်ပါတယ်။ ကြယ်စင်မြို့တော် (Star City) ရဲ့ ထူးခြားတဲ့ဝန်ဆောင်မှုတွေထဲမှာ ရန်ကုန်မြို့လယ်နဲ့ ထင်ရှားတဲ့ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်နိုင်ဖို့ အသွားအပြန် အချိန်မှန် ပြေးဆွဲပေးမယ့် အကြို့အပို့အစီအစဉ် ပါပါတယ်။၂၀၁၄ ခုနှစ်ထဲမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးစူပါမတ်ကက်တွေထဲက တစ်ခုဖြစ်တဲ့ City Mart စူပါမားကတ်ကလည်း ကြယ်စင်မြို့တော် (Star City) တွင် လာရောက်ဖွင့်လှစ်ရန် စီစဉ် ထားပြီးဖြစ်ကြောင်း၊ ကြယ်စင်မြို့တော် (Star City) တွင် နေထိုင်သူများ အပြည့်အဝ အသုံးပြုနိုင်မယ့် စတုရန်းပေ ၆၅,၀၀၀ ကျယ်တဲ့ Health club ကို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ ကြယ်စင်အိမ်ရာ (Star City) တွင်  စတုရန်းပေ ၆၄၂ ပေမှသည် ၃,၃၇၄ စတုရန်းပေအထိ ကျယ်ဝန်းသော အိမ်ခန်းအမျိုးအစား ၂၃ မျိုးကိုရရှိနိုင်ပြီး မြစ်ရေပြင်ရှုခင်း၊ သို့မဟုတ် ခြံဝင်းရှုခင်း၊ သို့မဟုတ် ကန်ရေပြင်ရှုခင်းကို ရှုမြင်ခံစားနိုင်ရန် ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် အိပ်ခန်းတစ်ခန်းပါ အိမ်ခန်းအတွက် အမေရိကန်ဒေါ်လာ ၈၀,၀၀၀မှ စတင်ပြီး အိပ်ခန်းကျယ် ၄ ခန်းပါအိမ်ခန်းအတွက် အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ကျော်အထိ အမျိုးမျိုးရှိတာပါ။ Star City ရဲ့ ဇုန်ဘီ (Zone B)  ကို  SPA Project Management Pte. Ltd. နဲ့ Dragages Singapore Pte Ltd., BYMA Pte.Ltd တို့က အကျိုးတူပူးပေါင်းကာ ကြီးကြပ်ဆောင်ရွက်ပြီး ကမ္ဘာ့အထင်ကရ အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းစုကြီး ဖြစ်တဲ့ Bouygues S.A. က တည်ဆောက်နေတာဖြစ်ပါတယ်။ Yoma Strategic ရဲ့ အိမ်ခြံမြေလုပ်ငန်းများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ သိချင်ရင်တော့ http://www.yomastrategic.com/html/bus_estate.php မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။