ဗြိတိန်အခြေစိုက်ဘဏ်ကြီးတစ်ခုဖြစ်တဲ့ Standard Chartered Bank ဟာ လာ မယ့်နှစ်တွေမှာ တိုးတက်မှုပိုပြီးနှေးကွေးလာနိုင်တယ်လို့သတိပေးမှုနဲ့အတူ ဆယ်စုနှစ်ကျော် အတွင်း ပထမဆုံးအ ကြိမ်အမြတ်ပမာဏ ကျဆင်းခဲ့ပေမဲ့ တိုးတက်မှုပမာဏက စိတ်လှုပ်ရှားစရာကောင်းနေတုန်းပဲလို့ အလေးထား ပြောကြားခဲ့ပါတယ်။ Standard Charteredရဲ့အမှုဆောင်အရာရှိချုပ် Peter Sands ကတော့ ၂၀၁၃ ခုနှစ်ဟာStandard Charted အတွက် ကြီး ကျယ်တဲ့နှစ် မဟုတ်ခဲ့ကြောင်းနဲ့ ၂၀၁၄ ခုနှစ်ရဲ့ ပထမနှစ်ဝက်စွမ်းဆောင်ချက် ဟာ ဝင်ငွေရော အ မြတ်ပမာဏအတွက် ပါ စိန်ခေါ်မှုအဖြစ် ဆက်လက်ရှိနေနိုင် ကြောင်း ဆိုပါတယ်။ ဝင်ငွေအများစုကို အာရှကနေရ ရှိနေတဲ့ Standard Chartered ဟာ ၂၀၁၃ ခုနှစ်မှာ အခွန်မဆောင်မီ အမြတ်ပမာဏ အမေရိကန်ဒေါ်လာ ၆.၁ ဘီလီယံရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က ထက် ၁၁ ရာခိုင်နှုန်းကျဆင်း ခဲ့တာဖြစ် ပါတယ်။
Ref: Financial Times