News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
SoyAi and self sustainability Project “Feed Myanmar Programme “ အကြောင်း ရှင်းလင်းပွဲအခမ်းအနား
Editorial
April 28, 2014
Local News
News
Children of Tomorrow ကနေပြီး ကလေးများ ကိုယ်ပိုင်ရပ်တည်နိုင်စေဖို့ အသက်မွေးမှု့နဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပြီးပြုလုပ်တဲ့ SoyAi and self sustainability Project “Feed Myanmar Programme “ အကြောင်း ရှင်းလင်းပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က သင်္ကန်းကျွန်းမြို့ နယ် ပြည်ထောင်စု ရိပ်မွန်အိမ်ရာရှိ Children of Tomorrow Youth Centre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ Youth Centre ရဲ့ ဦးဆောင်ကလေးတစ်ဦးက Youth Centre မှာရှိနေတဲ့ ကလေးတွေရဲ့ ဘဝနေထိုင်မှု ကိုယ်တိုင်အသက်မွေးဝမ်းကျောင်း ပညာ တတ်မြောက်စေဖို့ ရည်ရွယ်ကြောင်း၊ အလှူရှင်တွေကိုပဲ အားမကိုးဘဲ ကိုယ့်ခွန်အားနဲ့ အချင်းချင်းကူညီ လုပ်ကိုင်သွားမယ့်အကြောင်း ၊ SoyAi ပဲနို့အကြောင်း နဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပါတယ်။
အဲဒီနာက်မှာ ကလေးတစ်ဦးကလည်း “ ကျွန်တော်တို့ ဘဝတွေဟာ လွယ်ကူ အဆင်ပြေတဲ့ မိသားစုကနေ လာခဲ့ကြတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝတွေ ကြမ်းခဲ့ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့မှာ စာသင်ဖို့၊ နေစရာရဖို့၊ ထမင်းစား ဖို့တောင် ပိုက်ဆံမရှိပါဘူး။ ဒါပေမယ့် သူတပါးအပေါ်မှာ မမှီခိုချင်ဘူး။ ကျွန်တော် တို့ဟာ သနားစရာအဖြစ်နဲ့ အလှူငွေထည့်မယ့် သူတွေကိုအားမကိုးချင်ဘူး။ ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်တယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ကျွန်တော်တို့ကို ထောက်ပံ့ကျွေးမွေးပေး တဲ့ ဂေဟာတွေအတွက်၊ မိသားစုအတွက် အဖိုးတန်ပြီး အားထားရတဲ့သူ မျိုး ဖြစ် ချင်ပါတယ်။ ဘဝမှာ ဘယ်လိုအခက်အခဲ ရှိနေပါစေ ကြိုးစားရပ်တည် သွားကြ မှာပါ။ ကျွန်တော်တို့တွေဟာ ဒုက္ခသည်တွေ မဟုတ်ကြပါဘူး” ဆိုပြီးပြော ကြားခဲ့ ပါတယ်။ အခမ်းအနားမှာ ကလေးတွေကိုယ်တိုင်ပြုလုပ်ထားတဲ့ ပဲနို့၊ ပဲပြားစားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ Children of Tomorrow ဟာ မိဘမဲ့ဂေဟာသုံးခုက ကလေးပေါင်း နှစ်ရာခန့်နဲ့ ဖွဲ့စည်းထားကာ ကလေးတွေထဲက ကိုးဆယ်ရာခိုင်နှုန်းကတော့ ရှမ်းပြည်နယ်ဘက်ကနေ ရောက်လာကြတာဖြစ်ပါတယ်။ အခုလက်ရှိမှာ SoyAi က ရန်ကုန်မှာရှိနေတဲ့ မိဘမဲ့ဂေဟာသုံးခုက ကလေးတွေအတွက် ပညာရေး၊ စားဝတ်နေရေးတွေကို ထောက်ပံ့ပေးနေကာ သူတို့အခက်အခဲတွေကို သူတို့ခွန်အားနဲ့ ကိုယ်တိုင်ဖြေရှင်းနေပြီး SoyAi ပဲနို့ကိုလည်း ကလေးတွေရဲ့ ခွန်အားများနဲ့သာ ထုတ်လုပ်ကြောင်းသိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း