၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel မှာ ကမ္ဘာ့ပထမဆုံး 4K စမတ်ဖုန်းဖြစ်တဲ့ Xperia Z5 Premium နဲ့ Xperia Z5 Compact ဖုန်းတို့ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ရေစိုခံဒီဇိုင်းဖြစ်ပြီး ဖျော်ဖြေရေးဆိုင်ရာတွေကို 4K Ultra အထိ တိုးမြှင့်ပေးနိုင်တဲ့ နည်းပညာပါဝင်သလို 0.03 seconds မြန်ဆန်မှုအရှိဆုံး autofoucus နဲ့ နောက်ဆုံးပေါ် 23MP Exmor Rs နည်းပညာတွေကို ထောက်ပံ့ပေးထားပါတယ်။ `စမတ်ဖုန်းက လူသားတွေရဲ့ နေထိုင်မှုပုံစံမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဖြစ်လာပြီ´လို့ ဆိုနိမိုဘိုင်းဖုန်း အကြီးအကဲဖြစ်တဲ့ Mr.Hiriki Totoki က ပြောခဲ့ပါတယ်။ Xperia Z5 Premium မှာ Processor 1.5 GHz/2GHz Qualcomm – Octa Core 64 bit CPU နဲ့ Android 5.1 Lollipop ကို ထည့်သွင်းအသုံးပြုထားပါတယ်။ ကင်မရာပိုင်းအနေနဲ့ ရှေ့ဘက်မှာ 5.1 MP နဲ့ ကျောဘက်မှာ 23 MP Hybird Auto Foucs ဖြစ်တဲ့ ကင်မရာပိုင်းနဲ့ပတ်သက်တဲ့ Applications တွေထည့်သွင်းထားပါတယ်။ Memory အနေနဲ့ RAM 3 GB ပါဝင်ပြီး Micro SD Card ကိုလည်း 200 GB အထိ မြှင့်တင်နိုင်တယ်လို့ သိရပြီး Battery သက်တမ်းဟာ ဆက်တိုက်အသုံးပြုမယ်ဆိုရင် ၂ရက်အထိ အသုံးခံတယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့က 849,000 ခန့်ကျသင့်မှာဖြစ်ပြီး အောက်တိုဘာလ ၂၇ရက်ကနေ ၂၉ ရက်အထိ Sony Showroom မှာ ဝယ်ယူသူတိုင်းကို ပစ္စည်းလက်ကျန်ရှိသည်အထိ ကျပ်ငွေတစ်သိန်းခွဲ တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများကို ပေးသွားမယ်လို့ သိရပါတယ်။