ပြု ပြင်ပြောင်းလဲတော့မယ့် Sony

article landscape wartermark final Sony ရဲ့ CEO Hirai က ကုမ္ပဏီအနေနဲ့ ဈေးကွက်အခြေအနေကိုလိုက်ပြီး မြန်ဆန်စွာပြောင်းလဲမှုမလုပ်ခဲ့အတွက် အရှုံးပေါ်နေပြီး နောက်နှစ်ကိုတော့ အမြတ်ရအောင် လုပ်ပါမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကုမ္ပဏီရဲ့ မတ်လမှာ ပိတ်ခဲ့တဲ့  ဘဏ္ဍာရေးနှစ်အတွက် ဂျပန်ယန်း သန်းပေါင်း ၁၂၈.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ) အရှုံးပြနေခဲ့တဲ့အကြောင်းကို ထုတ်ပြန်ခဲ့ပြီးနောက်မှာ Kazuo Hirai က သတင်းထောက်တွေကို ဒီလိုပြောခဲ့တာဖြစ်ပါတယ်။ ဒါက လက်ရှိဘဏ္ဍာရေးနှစ်အတွက် ဂျပန်ယန်း ၅၀ ဘီလီယံ ရှုံးနိုင်ခြေရှိကြောင်း ပြသတာပါပဲ။ Sony က မျှော်မှန်းအမြတ်ရအောင်မလုပ်နိုင်ခဲ့ဘဲ ရင်းနှီးမြှုပ်နှံသူတွေကို အကြိမ်ကြိမ် စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။ Hirai ကတော့ Sony ရဲ့ အဓိက နည်းပညာတွေဖြစ်တဲ့ image sensor တွေ၊ cloud အခြေပြု ဝန်ဆောင်မှုတွေနဲ့ ဝတ်ဆင်လို့ရတဲ့ပစ္စည်းတွေလို အရာတွေကို လုံးဝနည်းပါး ပြန်လည်ပြု ပြင်ဆန်းသစ်မှုလုပ်မယ်လို့ဆိုပါတယ်။ သူက ကုမ္ပဏီရဲ့ အရှုံးပေါ်နေတဲ့ TV ထုတ်လုပ်မှုလုပ်ငန်းကို ရောင်းချခြင်း၊ ဒါမှမဟုတ် ရပ်ဆိုင်းခြင်း ပြုလုပ်မှာမဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

Ref : AP