စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံတကာကို ခရီးသွားရတဲ့အခါမှာ သိထားသင့်တဲ့ကျင့်ဝတ်တချို့ကို သိချင်ပါတယ် ခရီးမသွားခင် အနည်းဆုံးတော့ ကိုယ်သွားမယ့်တိုင်းပြည်က ကျေးဇူးတင်ပါတယ်တို့၊ ကျေးဇူးပြုပြီးတို့လောက်ကိုတော့ ပြောတတ်အောင် လေ့လာသွားသင့်ပါတယ်။ အဲဒီတိုင်းပြည်က ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာတွေကိုလည်း နှစ်သက်ကြောင်းပြပါ။ အဲဒီနိုင်ငံရဲ့ ဘာသာရေး၊ အစိုးရ၊ ရုံးပိတ်ရက်တွေနဲ့ အထွတ်အမြတ်ထားတာတွေကို လေးစားကြောင်းပြပါ။ နောက်ပြီး သင့်နိုင်ငံနဲ့ ဒီမှာရဲ့ကွာခြားချက်တွေကို မမေးဘဲနဲ့ မပြောမိပါစေနဲ့။ ပြီးတော့ ဒါမျိုးမဖြစ်သင့်ဘူး၊ ဒါမျိုးဖြစ်သင့်တာဆိုပြီးတော့လည်း မပြောသင့်ပါဘူး။ သင်သွားတဲ့တိုင်းပြည်က ဘာသာစကားကို မကျွမ်းကျင်တဲ့အတွက် တောင်းပန်ကြောင်း စကားဆိုပါ။ အမြဲတမ်းသပ်သပ်ရပ်ရပ် ဝတ်စားပါ။ အမျိုးသမီးတွေအနေနဲ့ ကိုယ်သွားတဲ့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ မရုပ်မလွန်ဖြစ်တဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။