SoftBank က နည်းပညာရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအသစ်အတွက် အခုလက်ရှိတွင် ဒေါ်လာသန်းပေါင်း ၉၃ ဘီလီယံကို သုံးဖို့ရည်မှန်းထားတယ်လို့ ကြေညာပါတယ်။ ဂျပန်လူမျိုးလုပ်ငန်းအဖွဲ့အစည်းကြီးက ဒီမတည်ငွေနဲ့လုပ်ဆောင်ချက်အများစုကို လန်ဒန်မှာအခြေပြု ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီမတည်ငွေတွေကို artificial intelligence ၊ robotics နဲ့ internet of the things တိုလို့လို နည်းပညာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသွားမှာပါ။ ဆော်ဒီဘုရင်မိသားစုပိုင်လုပ်ငန်းငွေကြေးရင်းနှီးမြှုပ်နှံမှု အဖွဲ့ရဲ့ လုပ်ငန်းတွေထဲကတစ်ခုကလည်း ဒေါ်လာ ၄၅ ဘီလီယံကို ထည့်ဝင်ဖို့ ကတိပေးထားသလို Abu Dhabi အစိုးရအတွက် ဦးပိုင်ကုမ္ပဏီတစ်ခုက ဒေါ်လာ ၁၅ ဘီလီယံထည့်ဝင်ခဲ့ပါတယ်။ Apple ၊ Qualcomm နဲ့ အခြားနည်းပညာကုမ္ပဏီကြီးတွေကလည်း ငွေကြေးထည့်ဝင်ဖို့ ကတိကဝတ်တွေရှိထားတယ်လို့လည်း သိရပါတယ်။