Softbank နဲ့ Didi က Uber ရဲ့ပြိုင်ဘက် Grab ဆီမှာ ဒေါ်လာသန်းနှစ်ထောင်ရင်းနှီးမြှုပ်နှံ

စင်ကာပူ-တရုတ်နိုင်ငံမှ အကြီးဆုံး သယ်ယူပို့ဆောင်ရေးကုမ္ပဏီ Didi Chuxing နဲ့ ဂျပန်နိုင်ငံမှ နိုင်ငံပေါင်းစုံဆက်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာဝန်ဆောင်မှုကုမ္ပဏီ Softbank Group Corp တို့က အရှေ့တောင်အာရှမှာ အကြီးဆုံးလုပ်ငန်းရင်းနှီးမြှုပ်နှှံမှုအနေနဲ့ စင်ကာပူအခြေစိုက် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း Grab ဆီမှာ ဒေါ်လာသန်းနှစ်ထောင်ကို ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါဟာ Grab က Didi နဲ့အတူ အမေရိကန်အခြေစိုက် Uber နည်းပညာကုမ္ပဏီကို တရုတ်နိုင်ငံကနေ မောင်းထုတ်ရာမှာ ပူးပေါင်းခဲ့တာနဲ့ဆက်နွယ်နေပါတယ်။

မလေးရှားကနေ ထိုင်းအထိ ဈေးကွက်ထဲမှာ Uber နဲ့အပြိုင် လုပ်ဆောင်ခဲ့တဲ့ Didi နဲ့ Grab တို့ရဲ့ မဟာမိတ်အဖြစ်ကို ဒီရင်းနှီးမြှုပ်နှံမှုက ခိုင်မာစေပါတယ်။ အရှေ့တောင်အာရှမှာ ဒေါ်လာသန်းခြောက်ထောင် တန်ဖိုးရှိတဲ့ Startup ကုမ္ပဏီတစ်ခု ဖြစ်လာဖို့ Grab က ဒေါ်လာသန်းငါးရာရင်းနှီးမြှုပ်နှံမှုကို မျှော်လင့်နေကြောင်းလည်း ပြောထားပါတယ်။

didisoftbank

သန်းထောင်ပေါင်းများစွာကုန်ကျခံခဲ့ပေမဲ့ ငွေကြေးတောင့်တင်းပြီး ပါးနပ်တဲ့ ပြည်တွင်းပြိုင်ဘက်တွေကြောင့် ရုရှားနဲ့တရုတ်မှ Uber က နောက်ဆုတ်သွားပြီးတဲ့နောက်မှာ ဒီရင်းနှီးမြှုပ်နှံမှုပေါ်ထွက်လာခဲ့တာပါ။ အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ Uber က Grab အပြင် အင်ဒိုနီးရှားနိုင်ငံမှ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း Go-Jek နဲ့ပါ ယှဉ်ပြိုင်နေရပါတယ်။

Softbank က Uber ရဲ့ပြိုင်ဘက်ကုမ္ပဏီတွေမှာ ပထမဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်။ Grab နဲ့ အိန္ဒိယနိုင်ငံက Ola မှာ ရင်းနှီးမြှုပ်နှံမှုမတိုင်ခင်က ပထမဆုံး Didi မှာ ဒေါ်လာသန်းငါးထောင်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

အာရှမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီကြီးတွေက Uber နဲ့ပြိုင်ဖို့ အသင့်ပြင်နေကြပါတယ်။ Uber က အမေရိကနဲ့ ဥရောပကို ဖောက်ထွက်ပြီးတော့ တိုးတက်မှုကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် အင်တာနက်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာရှိတဲ့ အရှေ့တောင်အာရှက သူ့အတွက်အရေးပါပြီး ကျယ်ပြန့်တဲ့ဈေးကွက်ဖြစ်လာနိုင်ပါတယ်။

လတ်တလောမှာ Uber က သူ့ရဲ့ CEO Travis Kalanick အပါအဝင် ရာထူးကြီးပုဂ္ဂိုလ်တွေ နှုတ်ထွက်သွားမှုနဲ့ ကျားမခွဲခြားဆက်ဆံမှု အစရှိတဲ့ ပြဿနာတစ်သီကြီးနဲ့ အမေရိကန်နိုင်ငံမှာ ရင်ဆိုင်နေရပါတယ်။ သူ့ရဲ့ရှယ်ယာရှင်တွေနဲ့ သူ့ဆီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီ Ben-chmark ရဲ့ ဒါရိုက်တာတွေက သူတို့ရဲ့ရှယ်ယာအချို့ကို Softbank နဲ့ အခြားအလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ရောင်းချနေကြောင်းသိရပါတယ်။