Sky Born trading ကနေ တင်သွင်းဖြန့်ချီမယ့် The Water Cleanser Product မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ် မေလ၂၆ ရက်က ရန်ကုန်မြို့မှာရှိတဲ့ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ အဲဒိပွဲမှာ Sky Born trading က Vice President ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားပြီး Sky Born trading ရဲ့ President ဒေါ်အေးအေးစိုးနဲ့ The Water Cleanser Product CEO Mr Robert Peter Morgan တို့က လုပ်ငန်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြပါတယ်။ အဲဒီနောက်တော့ Mr Robert Peter Morgan က The Water Cleanser Product အကြောင်းကိုရှင်းလင်းပြောပြပြီး သိလိုသ မျှမေးမြန်းမှုတွေ ကို ဖြေကြားပေးခဲ့ပါတယ်။ The Water Cleanser Product ကို မော်ဒယ်များက ကြေငြာပြသကြပြီး Lucky Draw အစီအစဉ်တွေ ၊ စားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံခဲ့ပါတယ်။ The Water Cleanser ဟာ ညစ်ညမ်းနေသော ရေတွေကိုပြန်လည်သန့်စင်စေသော ထုတ်ကုန်ဖြစ်ပြီး အလှမွေးငါးကန်များ၊ ရေကူးကန်များ၊ သဘာဝရေကန်များက ရေဆိုးရေညစ်တွေကို သန့်စင်စေဘို့ သဘာဝနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့အတွက် ငါး၊ ဖား အစရှိသော တိရိစ္ဆာန်တွေကို အန္တရာယ်မရှိစေနိုင်ကြောင်း သိရပါတယ်။