Sky Born Trading ရဲ့ The Water Cleanser Product မိတ်ဆက်ပွဲ

article landscape wartermark final1

Sky Born trading ကနေ တင်သွင်းဖြန့်ချီမယ့် The Water Cleanser Product မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ် မေလ၂၆ ရက်က ရန်ကုန်မြို့မှာရှိတဲ့ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ အဲဒိပွဲမှာ Sky Born trading က Vice President  ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားပြီး Sky Born trading ရဲ့ President ဒေါ်အေးအေးစိုးနဲ့ The Water Cleanser Product CEO Mr Robert Peter Morgan တို့က လုပ်ငန်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြပါတယ်။ အဲဒီနောက်တော့ Mr Robert Peter Morgan က The Water Cleanser Product အကြောင်းကိုရှင်းလင်းပြောပြပြီး သိလိုသ မျှမေးမြန်းမှုတွေ ကို ဖြေကြားပေးခဲ့ပါတယ်။ The Water Cleanser Product ကို မော်ဒယ်များက ကြေငြာပြသကြပြီး Lucky Draw အစီအစဉ်တွေ ၊ စားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံခဲ့ပါတယ်။ The Water Cleanser ဟာ ညစ်ညမ်းနေသော ရေတွေကိုပြန်လည်သန့်စင်စေသော ထုတ်ကုန်ဖြစ်ပြီး အလှမွေးငါးကန်များ၊ ရေကူးကန်များ၊ သဘာဝရေကန်များက ရေဆိုးရေညစ်တွေကို သန့်စင်စေဘို့ သဘာဝနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့အတွက် ငါး၊ ဖား အစရှိသော တိရိစ္ဆာန်တွေကို အန္တရာယ်မရှိစေနိုင်ကြောင်း သိရပါတယ်။ article people portrait water mark final10 article people portrait water mark final7 article people portrait water mark final8 article portrait watermark final3 article landscape wartermark final9 article landscape wartermark final5 article landscape wartermark final4