၀န်ထမ်းတွေကို Training ပေးရာမှာ တစ်ယောက်ချင်းပေးသင့်လား။ Group Training ပေးသင့်လားဆိုတာ သိချင်ပါတယ် . . .

HR မှာ ဝန်ထမ်းတိုင်းကို တစ်ပြိုင်နက်တည်းမှာ Information ပေးတဲ့အနေနဲ့ပေးတဲ့၊ Knowledge ပေးတဲ့ အနေနဲ့ပေးတဲ့ Training တွေရှိပါတယ်။ ဥပမာ Insurance Policy ပြောင်းသွားတာမျိုး၊ Fire Safety လို လူတိုင်း တတ်သင့်တဲ့သင်တန်းမျိုးတွေကို ဝန်ထမ်းတွေအားလုံးကို နာရီပိုင်းလောက်ခေါ်ပြီး Knowledge အနေနဲ့ Lecture Training တွေပေးရပါတယ်။ ဒါပေမဲ့ Personal Development နဲ့ဆိုင်တဲ့၊ Performance နဲ့ဆိုင်တဲ့ Training မျိုးတွေကိုတော့ ဝန်ထမ်းတိုင်းက တစ်ချိန်တည်းမှာ တတ်စရာမလိုပါဘူး။ တချို့ဝန်ထမ်းတွေအတွက် ဒီ Skill က လိုကောင်းလိုပေမဲ့ တချို့အတွက် လိုချင်မှလိုမှာ ဖြစ်ပါတယ်။ လိုတဲ့ဝန်ထမ်းကို Level အလိုက်ခွဲပြီးတော့ Learning Need Assessment (LNA) ကို ပြန်ကြည့်ပြီး သူ့ရဲ့ Line Manager နဲ့တိုင်ပင်ပြီး ပေးရမှာ ဖြစ်ပါတယ်။ Training ပေးတဲ့အခါမှာ Personal နဲ့ Team နဲ့တောင် မတူပါဘူး။ ဥပမာ HR ကနေ ဝန်ထမ်းတွေကို လက်ရှိလုပ်နေတဲ့ Techhology ဒါမှမဟုတ် Finance မှာ ဒါတွေတော့လိုနေတယ်။ မဟုတ်ရင် လက်ရှိသုံးနေတဲ့ System ကအခက်အခဲဖြစ်မယ်ဆိုရင် အဲဒီဌာနမှာရှိတဲ့ ဝန်ထမ်းတွေထဲက လေး၊ ငါးယောက်ကို ဆွဲထုတ်ပြီးပေးရတဲ့ Training တွေလည်း ရှိပါတယ်။

grouporsingletraining

ဝန်ထမ်းတွေကို Training ပေးတဲ့အခါမှာလည်း Group လိုက်ပေးရမယ့် Training ဆိုရင် Trainer ကို ကိုယ့်ရဲ့ရုံးကို ခေါ်ပေးလေ့ရှိကြပြီး တစ်ယောက်တည်းကို ပေးရမယ့် Training ဆိုရင် Public Class ကို လွှတ်လေ့ရှိပါတယ်။ ကိုယ့်ကုမ္ပဏီရဲ့ လိုအပ်ချက်၊ ဝန်ထမ်းရဲ့လိုအပ်ချက်ပေါ် မူတည်ပြီးတော့ပဲ Training ကိုပေးပါတယ်။ တရားသေ သတ်မှတ်ထားလေ့တော့ မရှိပါဘူး။

နောက်ပြီး ဝန်ထမ်းကို Training ပေးတဲ့အခါမှာ သူတို့တတ်တဲ့ သင်တန်းကရတဲ့ ပညာရပ်တွေဟာ သူတို့ တစ်သက်လုံး သုံးလို့ရတဲ့ပညာဖြစ်တယ်။ ဒါကို ကုမ္ပဏီက အကုန်အကျခံပြီး ဝန်ထမ်းရဲ့တောင်းဆိုမှု၊ လိုအပ်ချက်အလိုက် ပေးထားတာဖြစ်တဲ့အတွက် ဒီမှာအချိန်အတိုင်းတစ်ခုအထိ ပြန်လုပ်ပေးစေချင်ပါတယ်ဆိုပြီး Bond လို ခံဝန်ကတိတစ်ခု ထိုးစေပါတယ်။ Bond ထိုးတဲ့အတွက် ကျွန်တော့်အနေနဲ့ ပြောရရင် သူလဲပညာရသလို ကုမ္ပဏီအတွက်လည်း Skill Labor တစ်ယောက်ရတဲ့အတွက် အကျိုးရှိတဲ့အတွက် Win Win Situation ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဦးမျိုးသန်း Head of Learning and Development, PUMA Energy Myanmar