Inter Group ကုမ္ပဏီမှ စီစဉ်တဲ့ Singapore Management University (SMU) ကျောင်းသားများ နှုတ်ဆက်ညစာစားပွဲ

မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံမှာ အခြေစိုက်ပြီး စီးပွားရေး အကြံပေးလုပ်ငန်းတွေ၊ ဘဏ္ဍာရေးလုပ်ငန်းတွေ၊ စာရင်းလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Inter Group ကုမ္ပဏီကပြုလုပ်ပေးတဲ့ မြန်မာနိုင်ငံရဲ့Business trend ကို သုတေသနလာလုပ်ကြတဲ့ Singapore Management Univesity (SMU) မှကျောင်းသားတွေကို နှုတ်ဆက်ညစာစားပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ညက Signature စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ မြန်မာနိုင်ငံမှ ကုမ္ပဏီလုပ်ငန်းရှင်တွေလည်း တက်ရောက်ခဲ့ကြပြီး SMU မှ ကျောင်းသားများက သူတို့၏ လေ့လာတွေ့ရှိချက်တွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောပြခဲ့ကာ  ဂီတနဲ့ ပြန်လည်ဖျော်ဖြေခဲ့ပါတယ်။ သူတို့ဟာ Yoma ၊ Shwe Yamone ၊ CB Bank ၊ PwC ၊ Ooredoo ၊ Myanmar Info-Tech ၊ Myanmar Brewery ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၁၃ ခုကို Inter Group ကုမ္ပဏီရဲ့ ချိတ်ဆက်ကူညီပေးမှုနဲ့ သွားရောက်လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ စီးပွားရေး သုတေသန ခရီးစဉ်မှာ SMU မှ ကျောင်းသားကျောင်းသူပေါင်း ၃၄ ယောက်နဲ့ ပါမ္ခောဆရာနှစ်ဦးပါဝင်တယ်လို့ သိရပါတယ်။ Inter 5 Inter 4 Inter 3 Inter 1 Inter 8 Inter 10 Inter 7 Inter 6