စင်ကာပူကစီးပွားရေးဖွံ့ဖြိုးမှုနှုန်းခန့်မှန်းချက်ကို တိုးမြှင့်လိုက်ပေမဲ့ ကုန်သွယ်မှုခန့်မှန်းချက်ကိုလျော့ချ

Singapore-Economy

စင်ကာပူရဲ့စီးပွားရေးဟာ ဒုတိယသုံးလပတ်ကာလတွေမှာ တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာခဲ့ပြီး ဒီနှစ်ဒုတိယ သုံးလပတ် မှာ ၃.၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ ဒါဟာ သုံးနှစ်အတွင်း တိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ်တယ်လို့ စင်ကာပူကုန်သွယ်ရေး နဲ့ စက်မှုဝန်ကြီးဌာနကဆိုပါတယ်။ ဒါဟာပထမသုံးလပတ်က ဝ.၂ ရာခိုင်နှုန်းကနေ တိုးတက်လာတာဖြစ်ပါတယ်။ ဒီလိုတိုးတက်လာမှုကြောင့် ဒီနှစ်တစ်နှစ်လုံးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ ခန့်မှန်းထားရာကနေ ၂.၅ ရာခိုင်နှုန်းကနေ ၃.၅ ရာခိုင်နှုန်းထိ တိုးမြှင့်ခန့် မှန်းထားတယ်လို့ ဝန်ကြီးချုပ် Lee Hsien Loong  က ဆိုပါတယ်။ ဒါဟာ ပထမသုံးလပတ်ရဲ့ စီးပွားရေးတိုး တက်မှုနှုန်း ဝ.၂ ရာခိုင်နှုန်းကနေ မြင့်တက်လာခဲ့တာဖြစ်တယ်။

ဒါပေမဲ့ ပထမနှစ်ဝက်မှာ ကုန်သွယ်ရေးကျဆင်းခဲ့တာကြောင့် စုစုပေါင်းကုန်သွယ်မှုနဲ့ ပို့ကုန်တင်ပို့မှုခန့်မှန်း ချက်တွေကို လျော့ချခဲ့ပါတယ်။ကုန်ထုတ်လုပ်မှုဟာ ပထမသုံးလပတ်မှာ ၁၂.၁ ရာခိုင်နှုန်းရှိရာကနေ ဒုတိယသုံးလပတ်မှာ ၃၂.၁ ရာခိုင်နှုန်းထိ သိသိသာသာ တိုးတက်ခဲ့ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍကတော့ ပထမသုံးလပတ်မှာ ၁၀.၃ ရာ ခိုင်နှုန်းရှိရာကနေ ဒုတိယသုံးလပတ်မှာ ၁၁.၂ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပါတယ်။ လက်လီလက်ကား ကုန်သွယ်ရေး ကဏ္ဍမှာလည်း ပထမသုံးလပတ်မှာ ၂.၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဒုတိယသုံးလပတ်မှာ ၂၂.၁ ရာခိုင်နှုန်းထိမြင့်တက်လာ ခဲ့ပါတယ်။  Ref: Xinhua