စင်ကာပူကုမ္ပဏီတွေက စွမ်းအင်စီမံခန့်ခွဲမှုမှာ လူသားအရင်းအမြစ်ကိုပါ စီမံခန့်ခွဲဖို့လို

stock-singapore-skyline copy လျပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းအပါအဝင်  စွမ်းအင်အသုံးပြုမှုများတဲ့ စင်ကာပူနိုင်ငံက ကုမ္ပဏီ တစ်ရာကို လေ့လာမှုအရ ဒီကုမ္ပဏီတွေဟာ စွမ်းအင်ချွေတာမှုအတွက် နည်းပညာလိုမျိုးအပိုင်းတွေကို အထူး ဂရုပြုကြပေမဲ့ စက်ပစ္စည်းကိုင်တွယ်တဲ့လူတွေကိုတော့ စွမ်းအင်ချွေတာမှုအတွက် စီမံခန့်ခွဲဖို့ မေ့လျော့နေကြ တယ်လို့ အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Accenture ရဲ့ မကြာသေးမီက လေ့လာမှုတစ်ခုအရ သိရပါတယ်။ ဒီကုမ္ပဏီတွေဟာ အဆောက်အအုံတွေကို သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီအောင် ဆောက်လုပ်ထားသလို စက်ပစ္စည်းတွေကိုလည်း စွမ်းအင်သက်သာမယ့် ထိပ်တန်းနည်းပညာတွေ တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ မဟာ ဗျူဟာအပိုင်း၊ အုပ်ချုပ်မှုအပိုင်း၊ စွမ်းအင်အသုံးပြုမှုကို တကယ်ထိရောက်အောင် သုံးစွဲမှုအပိုင်းတွေမှာ ထိရောက်ဖို့တော့ လိုနေပါသေးတယ်လို့ Accenture က ပြောပါတယ်။ အဲဒီလူတွေကို သင့်တော်တဲ့ ကျွမ်းကျင် မှုတွေ၊ သင်တန်းတွေပေးနိုင်ရင် စွမ်းအင် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံချွေတာနိုင်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။     Ref: CAN