Siemens က ၂၀၁၄ ခုနှစ်အကုန်မှာ အလုပ်အကိုင် ၁၅,၀၀၀ လောက် လျော့ချဖို့ရှိ

Siemens copy ဂျာမနီစက်မှုကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Siemens ဟာ ကုန်ကျစရိတ် လျော့ချတဲ့အနေနဲ့ ယူရိုခြောက်ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံ) ချွေတာဖို့ရည်ရွယ် ပြီး ပြည်တွင်း အလုပ်အကိုင်ငါးထောင် အပါအဝင် တစ်ကမ္ဘာလုံးမှာ အလုပ်အကိုင်ပေါင်း ၁၅,၀၀၀ လောက် လျော့ချဖို့ စီစဉ်နေပါတယ်။ ပြည်တွင်းအလုပ်အကိုင် ငါးထောင်ကျော်မှာ စက်မှုလုပ်ငန်းပိုင်းက အလုပ်အကိုင်အရေအတွက် နှစ်ထောင်၊ စွမ်းအင်လုပ်ငန်းပိုင်းက ၁,၄၀၀၊ အခြေခံအဆောက်အအုံုလုပ်ငန်းပိုင်းက ၁,၄၀၀ နဲ့ ရုံးချုပ်ပိုင်းက အလုပ်အကိုင်အရေအတွက် နှစ်ရာလောက်စီ အသီးသီးလျော့ချဖို့ ရှိပါတယ်။ Siemens ရဲ့ အလုပ်သမားဦးရေဟာ ဂျာမနီမှာ ၁၁၉,၀၀၀ ဦး အပါအဝင် ကမ္ဘာတစ်ဝမ်းလုံးမှာ ၃၇၀,၀၀၀  ရှိပါတယ်။ Ref: CNA