ထိုင်းနိုင်ငံ Siam University ရဲ့ President မှ MCCi ကျောင်းသားများ၊ မြန်မာနိုင်ငံရှိ Internship Collaborative Partner များနှင့် တွေ့ဆုံ

[caption id="attachment_10467" align="alignnone" width="370"]article people portrait water mark final1 Dr Pornchai Mongkhonvanit
President
Siam University[/caption] [caption id="attachment_10468" align="alignnone" width="370"]article people portrait water mark final2 ဦးတင်ဝင်းအောင်
ဥက္ကဌ
MCC Group & MCCi[/caption]   ထိုင်းနိုင်ငံ Siam University ရဲ့President ကနေပြီးတော့ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကျောင်းဖြစ်တဲ့ MCCi ကျောင်းမှ ကျောင်းသားကျောင်းသူတွေနဲ့ Internship Collaborative Partner  တွေကို တွေ့ဆုံစကားပြောတဲ့ ပွဲကို  ၂၀၁၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်းရှိ MICT Park ထဲမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ MCC Group & MCCi ရဲ့ ဥက္ကဌ ဦးတင်ဝင်းအောင်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး Siam University ရဲ့ President Dr Pornchai Mongkhonvanit က ကျောင်းသား ကျောင်းသူတွေနဲ့အတူ တွေ့ဆုံစကားပြောခဲ့ပါတယ်။  MCCi ကျောင်းမှကျောင်းသူ ကျောင်းသားတွေကို  Internship ဆင်းခိုင်းတာနဲ့ပတ်သက်လို့ MCC Group & MCCi ရဲ့ CEO ဒေါ်ချောချောခင်ခင် က “  ကျွန်မတို့ဆီက ကလေးတွေအနေနဲ့ ဒီမှာ ၂ နှစ်တက်ပြီးလို့  3th Years  အနေနဲ့ ထိုင်းနိုင်ငံ Siam University ကို မသွားခင်မှာ စာတွေ့နဲ့လက်တွေ့ကို နားလည်စေချင်တာရယ်၊ Business Knowledge ကိုရစေချင်တဲ့အတွက် ဆင်းခိုင်းရခြင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပြီး ကျောင်းသူကျောင်းသားများ သိချင်တဲ့မေးခွန်းတွေကို President Dr Pornchai Mongkhonvanit ကဖြေကြားပေးခဲ့ပါတယ်။  Internship Collaborative Partner တွေအနေနဲ့ MK Group ၊ Moon Bakery Restaurant ၊ CB Bank ၊  Dailycious (Thai Restaurant) တို့ဖြစ်တယ်လို့သိရပါတယ်။ article landscape wartermark final10 article landscape wartermark final9 article landscape wartermark final4