Shwe Kyar Ni Traditional & Sea Food Restaurant

မြန်မာ့ရိုးရာအငွေ့အသက်တွေ ခံစားပြီး အရသာရှိတဲ့ တိုင်းရင်းသားရိုးရာအစားအသောက်တွေနဲ့ ပင်လယ်စာကောင်းကောင်းကို စားသုံးချင်တဲ့သူတွေအတွက် ရွှေကြာနီရိုးရာစားသောက်ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

shwekyarni1

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .

အမှတ် ၃၂ ၊ ကျောင်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်းနံပါတ်ကတော့ ၀၉ -၉၆၃၃၀၀၆၅၃ ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။

shwekyarni3

စတင်ဖွင့်လှစ်တဲ့နေ့နဲ့ ရည်ရွယ်ချက် . . .

၂၀၁၆ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာတိုင်းရင်းသားအစားအသောက်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်စားလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်တာဖြစ်ပါတယ်။

shwekyarni4

ရရှိနိုင်တဲ့ Menu တွေက . . .

အဓိကက တိုင်းရင်းသားအစားအသောက်ဖြစ်ပြီး ကချင်၊ ကရင်၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသား အစားအသောက်တွေ ရနိုင်ပါတယ်။ ကယားနဲ့ ချင်းအစားအစာအတွက် စားဖိုမှူးခေါ်ထားတာ ရောက်မလာသေးပေမဲ့ နောက်ပိုင်းရောက်လာဖို့ ရှိပါတယ်။ အခုလောလောဆယ် တိုင်းရင်းသားအစားအစာ ခြောက်မျိုးနဲ့အတူ ပင်လယ်စာလည်း ရနိုင်ပါတယ်။

ဝယ်ယူရရှိနိုင်တဲ့ အမှတ်တရပစ္စည်းလေးတွေက . . .

မြန်မာမှုဖြစ်တဲ့ ယွန်းထည်ပစ္စည်းလေးတွေ၊ အမှတ်တရ ပစ္စည်းလေးတွေကိုလည်း လက်ဆောင်အနေနဲ့ ဝယ်သွားလို့ရအောင် တင်ရောင်းထားပါတယ်။ နောက်ပိုင်းလည်း ဒီထက်ပိုပြီး တိုးချဲ့ဖို့ရှိပါတယ်။

shwekyarni2

ဆိုင်လာတဲ့ Customer တွေ . . .

လာတဲ့ Customer အများစုက လူငယ်တွေထက် လူကြီးတွေ ပိုများတယ်။ အထူးသဖြင့် စီးပွားရေးသမားတွေ ပိုများတယ်။ ပြီးတော့ မိသားစုလိုက်လာတာများတယ်။ နိုင်ငံခြားသားဧည့်သည်တွေလည်း လာကြပါတယ်။

ဈေးနှုန်းပိုင်း . . .

ဈေးနှုန်းအနေနဲ့ ၁,၅၀၀ ကျပ်ကနေစပြီး ၁၂,၀၀၀ ကျပ် အထိ ရှိပါတယ်။ အခုနောက်ပိုင်းမှာ Family Set ဖြစ်တဲ့ လူရှစ်ယောက်စားလို့ရတဲ့ Menu က ၃၈,၀၀၀ အထိ ရှိပါတယ်။

ဝန်ထမ်းတွေကို Training ပေးတဲ့အပိုင်း . . .

ဝန်ထမ်းတွေက တိုင်းရင်းသားထဲကလည်း ရှိတယ်။ လူငယ်ပိုင်းတွေလည်း ခန့်ထားတယ်။ ပေးထားတဲ့ Training တွေက တစ်အချက်အနေနဲ့ ယဉ်ကျေးမှုရှိရမယ်။ နှစ်အချက်က ဝန်ဆောင်မှုကောင်းမွန်ရမယ်။ သုံးအချက်က သန့်ရှင်းမှုနဲ့ပတ်သက်ပြီး ဂရုစိုက်ခိုင်းပါတယ်။ ပြီးတော့ Customer ရဲ့ Complaint ကိုလည်း သည်းခံနိုင်ဖို့ သေချာသင်ကြားပေးထားပါတယ်။

shwekyarni5

ဆိုင်မှာရှိတဲ့ Chef တွေက . . .

စားဖိုမှူးတွေက တိုင်းရင်းသား အစားအစားအလိုက် တိုင်းရင်းသားစားဖိုမှူးတွေ ခေါ်ထားပါတယ်။ ဥပမာ - ကချင်အစားအသောက်အတွက်ဆိုရင် ကချင်တိုင်းရင်းသားအစစ် စားဖိုမှူးရှိပါတယ်။ အခုဆို စုစုပေါင်းခြောက်ယောက်ရှိပါတယ်။

ထူးခြားချက် . . .

ဒီဆိုင်က အခြားဆိုင်တွေထက် ထူးခြားမှုတစ်ခုရှိပါတယ်။ အစားအသောက်တိုင်းကို ကြာဖက်အစစ်တွေနဲ့ သုံးတယ်။ ကြာဖက်ပေါ်မှာ ကြာပန်းလေးနဲ့ Decoration ပြန်လုပ်ထားပါတယ်။ ပြီးတော့ အစားအသောက်ကိုလည်း ဒီထက်ပိုပြီး ချစ်စရာကောင်းအောင် ဒီဇိုင်းလေးတွေ ထပ်ထည့်ပေးဖို့လည်းရှိပါတယ်။ ဥပမာ - ထမင်းထဲမှာဆိုရင် အရုပ်ကလေးတွေ ဆွဲတာလုပ်ဖို့ရှိပါတယ်။

အနာဂတ်အစီအစဉ် . . .

ရွှေကြာနီဆိုင်ခွဲတွေ ဖွင့်နိုင်အောင် ကြိုးစားသွားပါမယ်။

သန္တာညွန့်ဝင်း