Tea ကြိုက်သူတွေအတွက် ထူးခြားတဲ့အရသာနဲ့ Serenitea

DSCN8217 post pic လက်ဖက်ရည်ကို ရှေးမြန်မာဘုရင်တွေလက်ထက်ကတည်းက အရေးတယူသောက်သုံးလာခဲ့ကြတာ မြန်မာတို့ရဲ့ ရှေးရိုးရာအစဉ်အလာတစ်ခုလိုပဲ ဖြစ်ပါတယ်။ အခုတိုးတက်နေတဲ့Globalization ခေတ်ကြီးထဲမှာ ရိုးရာလည်းမပျက် ခေတ်လည်းမီတဲ့ပုံစံနဲ့ လက်ဖက်ရည်ကြိုက်သူတွေအတွက် ထူးခြားတဲ့အရသာကို ပေးစွမ်းနိုင်တဲ့ Serenitea ဆိုတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဆိုင်လေးမှာTea နဲ့ပတ်သက်ရင် အချိုရှောင်သူတွေအတွက်ရော၊ Sugar Level ညှိချင်တဲ့သူတွေအတွက်ပါ အဆင်ပြေတဲ့အပြင် အစားအစာကောင်းတွေကိုလည်း ရရှိနိုင်ပါတယ်။ အင်တာနက် Wi-Fi  ပါသုံးလို့ရပြီး ဆိတ်ငြိမ်အေးဆေးတဲ့နေရာလေး တစ်ခုဖြစ်တာကြောင့် စာဖတ်ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။   ဆိုင်တည်နေရာ အမှတ် - ၁၇ အေ၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်၊ ဖုန်း ၀၁၁-၂၂၀၄၅၉ နဲ့ အမှတ် - ၇၆၊ စဉ့်အိုးတန်းလမ်း၊ လသာမြို့နယ်၊ ဖုန်း-၀၁-၂၂၆၄၁၅ တို့ကို ဆက်သွယ် မှာယူသုံးဆောင်နိုင်ပါတယ်။ Website  အနေနဲ့ကတော့ www. iteamm.com  နဲ့ facebook  မှာဆိုရင် iteaitea တို့ကို ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။   ဆိုင်စဖွင့်တဲ့နေ့နဲ့ဆိုင်ဖွင့်ချိန် ဒဂုံ ၁ ရှေ့က Serenitea ဆိုင်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလက စဖွင့်တာဖြစ်ပြီး၊ စဉ့်အိုးတန်းလမ်းကဆိုင်ကတော့ ဖွင့်တာ မကြာသေးဘူးလို့ သိရပါတယ်။ ဆိုင်ဖွင့် ချိန်က မနက် ၉ နာရီကနေ ည ၉ နာရီအထိဖြစ်ပြီး ကျောင်းဖွင့်ချိန်ဆိုရင် မနက် ၇ နာရီတည်းကစပြီး ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။   ဆိုင်နာမည်ပေးဖြစ်ပုံ Serenity  ဆိုတာကို နောက်ဆုံး  ty နေရာမှာ ကိုယ်က Tea ရောင်းတော့ Tea ကို ထည့်လိုက်တာ။ တကယ့် Serenity ရဲ့အဓိပ္ပာယ်က တိတ်ဆိတ်အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ မိသားစုလိုက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် ဒီကိုလာရောက်တဲ့သူတွေကို အေးအေးချမ်းချမ်းနဲ့ လက်ဖက်ရည်လေး သောက်ရင်း အေးချမ်းမှုကိုခံစားစေချင်တဲ့အဓိပ္ပာယ်နဲ့ ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။   ဆိုင်အပြင်အဆင်ပိုင်းနဲ့ ဆိုင်စဖွင့်ဖြစ်ပုံ Philipines က Designer ပေးတဲ့ Design ကို ဒေါက်တာထွန်းတင်က ဒီမှာ ပြင်ပေးထားတယ်လို့ သိရပါတယ်။ Philippines ကိုသွားတော့ သူတို့ရဲ့လက်ဖက်ရည်ကို သောက်ကြည့်တော့ တအားကောင်းတယ်။ မြန်မာပြည်က လူတွေက လက်ဖက်ရည်သောက်တဲ့အကျင့်ရှိတော့ Tea ကို အပူရော၊ အအေးပါသောက်လို့ရတယ်ဆိုတာ Share ချင်လို့ Franchise သဘောမျိုး ဖွင့်ဖြစ်တယ်လို့ သိရပါတယ်။   ဝန်ဆောင်မှုပိုင်း ဆိုင်နဲ့အနီးတစ်ဝိုက် ကျပ်တစ်သောင်း အထက်ဆိုရင်တော့ အိမ်တိုင်ရာရောက်လိုက်ပို့ပေးပါတယ်။ Team Party နဲ့Birthday Party လုပ်လိုသူတွေအတွက် ဆိုင်ကနေပြီးတော့ ဝန်ဆောင်မှုလိုက်ပေးပါတယ်။   ရရှိနိုင်တဲ့ Menu အအေးကအမျိုးပေါင်း ၂၀ ကျော် ရပါတယ်။ Tea ကို အခြေခံတဲ့ Milk Tea  ၊ Tea Frost ၊ Fruit Tea  ရယ် Smoothies  နဲ့ပတ်သက်ရင် Tiramisu  ၊ Strawberry Shake  နဲ့ Chocolate  တို့ ရပါတယ်။ Pulpyနဲ့ပတ်သက်ရင် Winter Storm ၊Peach Madness ၊ Passion Fruit  ရယ်ဆိုပြီး ရပါတယ်။ Food & Snack  မှာဆိုရင် ထမင်းကြော်၊ စပါကတီ၊ Chicken Chops ၊ Sandwish၊ Burger ၊ Cheese Roll ၊ Pepper Tofu ၊ Pepper Squid ၊ Pepper Mushroom၊ Walffle eJY Pan Cake  တွေကို သုံးဆောင်နိုင်ပါတယ်။ အဲဒီမှာ ထူးခြားတာက Tea  ဆိုရင် ရိုးရိုးမဟုတ်ဘဲ Sinker တွေ ထည့်ပြီးသောက်နိုင်တယ်လို့ သိရပါတယ်။ ရနိုင်တဲ့ Sinker  တွေကတော့ Black Bricks၊ Crystals၊ Egg Pudding ၊ Lime Jelly ၊ Pearl နဲ့ Perilla  တွေဖြစ်ပါ တယ်။ အခုနောက်ဆုံး ထွက်ထားတဲ့ Roselle Tea  က ကျန်းမာရေးနဲ့ညီညွတ်ပြီး ကင်ဆာရောဂါ တွေကို ကာကွယ်ပြီး အဆီလည်းကျစေတယ်လို့ သိရပါတယ်။   ဈေးနှုန်းသတ်မှတ်ချက် အနည်းဆုံး ကျပ်တစ်ထောင်ကနေစပြီး ကျပ်နှစ်ထောင်ဝန်းကျင်နားမှာပဲ ရှိပါတယ်။   လာရောက်ကြတဲ့ဧည့်သည်တွေ ကျောင်းနဲ့နီးတော့ ကျောင်းဖွင့်ချိန်ဆိုရင် ကျောင်းသား ကျောင်းသူတွေ အများဆုံးလာကြပါတယ်။ Tea  ဆိုတော့ လူကြီးတွေလည်း လာပါတယ်။ နိုင်ငံခြားသားဧည့် သည်တွေလည်း တော်တော်များများလာတယ်လို့ သိရပါတယ်။   ထူးခြားချက် Sugar Levle  ကို ကိုယ့်စိတ်ကြိုက်သုံးဆောင်လို့ ရပါတယ်။ Tea ဖျော်ရင်လည်း Teapresso Machine နဲ့တစ်ခွက်မှာမှ တစ်ခွက် လတ်လတ်ဆတ်ဆတ်ဖျော်ပေး ထားပါတယ်။ အချိုရှောင်လိုသူတွေအနေနဲ့ အချိုဓာတ်ပါဝင်မှုမရှိတဲ့ သကြားနဲ့ ဖျော်ပေးထားပါတယ်။ Rea Tea မဟုတ်ဘဲ Green Tea  ကိုအခြေခံတဲ့အတွက် ကျန်းမာရေးနဲ့ပိုပြီးညီညွတ်စေပါတယ်။ Sinker တွေထည့်မယ်ဆိုရင်လည်း  Customer စိတ်တိုင်းကျ ဝန်ဆောင်မှုပေးတယ်လို့လည်း သိရပါတယ်။   Discount အစီအစဉ် Discount Card  တွေ ထားရှိပြီး ဆယ်ခွက်ဆိုရင် တစ်ခွက်လက်ဆောင်ပေးပါတယ်။   အနာဂတ်မျော်မှန်းချက် Mall တွေမှာဖွင့်ဖို့ စီစဉ်ထားပါတယ်။ နောက်ဆိုရင် မှတ်ရလွယ်တဲ့ i-tea ဆိုတဲ့ နာမည်နဲ့ပဲ ဆိုင်ခွဲတွေ ထပ်ဖွင့်ဖြစ်မှာလို့ သိရပါတယ်။