ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းခွင်မှာ အားထားရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့

  Untitled-1-1     ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းခွင်မှာ အားထားရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုလေ့ ကျင့် မွေးမြူမလဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းခွင်မှာ အား ထားရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ ရုပ်ပိုင်းရော စိတ် ပိုင်းပါ ပြင်ဆင်ရပါမယ်။ ရုပ်ပိုင်းအရ ရုံး၊ ဒါမှမဟုတ် လုပ်ငန်းခွင်နဲ့လိုက် လျောညီထွေဖြစ်တဲ့ အဝတ်အစားမျိုးဝတ်ဖို့ အရေးကြီးပါ တယ်။ ဆံပင်ပုံစံ၊ ဆံပင်ထုံးဖွဲ့မှုက မိမိလုပ်ငန်းခွင်နဲ့ကိုက် ညီရပါလိမ့်မယ်။ ယောက်ျားလေးဆို လုပ်ငန်းခွင်မှာ နားကွင်း ဝတ်တာ ရှောင်ကြဉ်သင့်ပါတယ်။ စိတ်ပိုင်းကတော့ ပိုအရေးကြီးပါတယ်။ ၁။       ရိုးသားဖြောင့်မတ်ပြီးပြောတဲ့အတိုင်းလုပ်၊ လုပ်တဲ့အတိုင်း ပြောရပါမယ်။ ၂။       ကိုယ်ချင်းစာစိတ်ရှိပါ။ ၃။       မိမိတာဝန်ကို ကျေပွန်အောင်လုပ်ပါ။ ၄။       လုပ်ငန်းခွင်ကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းပါ။ ၅။       အလုပ်ကို ခိုင်းမှမလုပ်ဘဲ ဦးဆောင်ပြီးလုပ်ပါ။ ၆။       လူတိုင်းကို လေးလေးစားစားဆက်ဆံပါ။ ၇။       ဒီနေ့ခေတ်ကြီးရဲ့လူနေမှုပုံစံကKnowledge Society ဖြစ်ပါတယ်။ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ ပြည့်စုံအောင် လေ့လာသင်ယူပါ။ Knowledge is Power  ဆိုတဲ့အတိုင်း အသိပညာ၊ အတတ် ပညာပြည့်စုံသူက မိမိကိုယ်မိမိယုံကြည်မှုအပြည့်အဝရှိနေ ပါတယ်။   ဝန်ထမ်းတွေနဲ့ လုပ်ငန်းပိုင်ရှင်တွေကြားမှာ မိသားစုပုံစံဆန်ဆန်နေတာနဲ့ အလုပ်သဘောဆန်ဆန်နေတာ ဘယ်ဟာက ပိုပြီးတော့လုပ်ငန်းအောင်မြင်မှုကို အထောက်အကူဖြစ်စေသလဲ။ လုံးဝအလုပ်သဘောနဲ့ပဲဆက်ဆံနေရင်တော့ မိမိဝန်ထမ်းတွေ နဲ့ ချစ်ခင်ရင်းနှီးမှုမရနိုင်တဲ့အတွက် ရေရှည် မှာအောင်မြင်မှု မရနိုင်ပါဘူး။ လုံးဝမိသားစုပုံစံနဲ့ပဲ ဆက်ဆံပြန်ရင်လည်း စည်းကမ်းထိန်းဖို့ခက်ပါတယ်။ အထူးသဖြင့် ဝန်ထမ်းအချို့ ကိုတော့ မိသားစုပုံစံနဲ့ဆက်ဆံပြီး အချို့ကို အလုပ်သဘော ဆက်ဆံရင် ပိုဆိုးပါတယ်။ ဘယ်အချိန်မှာ အလုပ်သဘောဆက်ဆံရမယ်၊ ဘယ်အချိန်မှာ မိသားစုပုံစံဆက်ဆံရမယ်ဆိုတာ ခွဲခြားသိ ရပါမယ်။ ဝန်ထမ်းတိုင်းကိုတော့ တစ်ပြေးညီဆက်ဆံရပါ မယ်။ ပြောတဲ့အတိုင်းလုပ်ပြီး၊ လုပ်တဲ့အတိုင်းပြောရပါမယ်။   မိသားစုပုံစံ ဆက်ဆံသင့်သောနမူနာများ ၁။       ဝန်ထမ်းမိသားစု၏ နာရေးကိစ္စ ၂။       ဝန်ထမ်းမိသားစု၏ ကျန်းမာရေး ၃။       ဝန်ထမ်းမိသားစု၏ မင်္ဂလာဆောင်၊ မွေးနေ့၊ အလှူ ၄။       ဝန်ထမ်းမိသားစု၏ ပညာရေး ၅။       ဝန်ထမ်းများနှင့် အပျော်ခရီးသွားခြင်း ၆။       ဝန်ထမ်းများနှင့် ရုံးချိန်ပြင်ပ ညစာစားခြင်း၊ ရုပ်ရှင် ကြည့်ခြင်း ၇။       ဝန်ထမ်းများနှင့်လူမှုရေးလုပ်ငန်းများဆောင်ရွက်ခြင်း။