အောင်မြင်သော စိတ်နေစိတ်ထားနှင့် အပြူအမူ ကိုယ်ရည်ကိုယ်သွေးတည်ဆောက်ခြင်း၊ အလုပ်ခွင်တွင် အောင်မြင်သော ကိုယ်ရည်ကိုယ်သွေးနှင့် အပြုအမူများ၊ မိမိပုံရိပ်ကို အွန်လိုင်းတွင် မြှင့်တင်ခြင်း စသည်တို့ကို နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူ Professional များမှ ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်သောကြောင့် မြန်ဆန်စွာပြောင်းလဲနေသော ခေတ်နှင့်အညီ ဘဝတွင်သာမက လုပ်ငန်းခွင်တွင်မှာ အောင်မြင်ချင်သော လူတိုင်းအတွက် အကျိုးရှိစေမည့် ဟောပြောပွဲတစ်ခုဖြစ်သည်။
ဟောပြောပွဲတက်ရောက်ခွင့်လက်မှတ်များကို တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် အောက်ပါလိပ်စာများတွင် ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထား ဝယ်ယူရရှိနိုင်ပါသည်။
ဟောပြောပွဲအစီအစဉ်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဟောပြောပွဲခေါင်းစဉ် Self Branding Online/ Offline
ဟောပြောမည့်သူများ : ဒေါ်တင်မိုးလွင် (Talents & Models Agency)
ဟောပြောမည့်နေ့ရက်၊ အချိန် : ဇွန်လ ၂၄ ရက်(စနေနေ့) ၊ နေ့လယ် ၂ : ၀၀ နာရီ မှ ၄ : ၀၀ နာရီ အထိ
ဟောပြောမည့်နေရာ : Chatrium Hotel Royal Lake Yangon
ဧည့်ခံခြင်း : လက်ဖက်ရည်/ကော်ဖီ နှင့် မုန့်များ
ဝင်ကြေး : တစ်သောင်းကျပ်
ဆက်သွယ်ရန်
၀၉ ၇၃၂၄၃၂၆၈၊ ၀၉ ၇၃၁၀၉၈၁၂၊ ၀၁ ၅၀၇၃၉၁~၉၃
အမည်စာရင်းပေးသွင်းခြင်းနှင့် ပွဲတက်ရောက်ခွင့်ကတ်ပြားထုတ်ယူနို င်သည့် နေရာများ
- ဂမုန်းပွင့်ကုန်တိုက် (စံရိပ်ငြိမ်)၊ အခန်းအမှတ်(၉၆+၁၀၈)၊ တတိယထပ်၊ ရန်ကုန်-အင်းစိန်လမ်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
- ဂမုန်းပွင့်ကုန်တိုက် (ဒုတိယထပ်)၊ အမှတ် (၂၄)၊ ဗားဂရာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
- ဂမုန်းပွင့်ကုန်တိုက် (ကမ္ဘာအေး)၊ အခန်းအမှတ် (၂၉) ၊ ဒုတိယထပ်၊ ရန်ကုန်မြို့။
- မော်တင်တာဝါ Junction Center (တတိယထပ်)၊ အမှတ် (၃၁၀)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
- အမှတ် (၅၁၄/၅၁၆)၊ ကုန်သည်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
- တူဒေးစာနယ်ဇင်းထုတ်ဝေရေးလီမိတက်