SEEDS Restarurant & Lounge

TheSeeds1

ခေတ်မီတဲ့ အပြင်အဆင်တွေနဲ့ ထူးခြားတဲ့ဟင်းပွဲတွေကို ရှုခင်းကောင်းကောင်းလေးတွေနဲ့အတူ ခံစားနိုင်မယ့် စားသောက်ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဆိုင်ကို လာစားတဲ့ ဧည့်သည်တွေထဲက တစ်ယောက်ကို တစ်ဒေါ်လာစီ Charge လုပ်ပါတယ်။ အဲဒါကတော့ မော်ဘီနဲ့ပဲခူးကြားမှာ စာသင်ကျောင်း တစ်ကျောင်းဆောက်ဖို့အတွက်ပါ . . . . .

TheSeeds2

တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . .

အမှတ် ၆၃ (က)၊ ဦးထွန်းငြိမ်းလမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်၊ ၁၀ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပြီး facebook/@seedsyangon ၊ Website: www.seedsyangon.com နဲ့ ဖုန်းနံပါတ် ၀၉၉၇၂၇၈၄၈၄၁ တို့ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

TheSeeds4

လုပ်ငန်းစတင်ဖြစ်ပုံနဲ့ ဆိုင်အပြင်အဆင်ပိုင်း . . .

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်က Pre Opening အနေနဲ့ စတင်ဖွင့်လှစ်ဖြစ်ခဲ့ပြီး မတ်လ ၁၁ ရက်မှာ Grand Opening လုပ်ခဲ့ပါတယ်။

TheSeeds8

TheSeeds3

ရည်ရွယ်ချက် . . .

SEEDS ပုံစံဖြစ်ပြီး Fine Dining ကို အဓိကသွားတာမဟုတ်ဘဲ ဒီလိုမျိုး Contemporary Centre တစ်ခုကို ချပြချင်တာပါ။ ဆိုင်ရဲ့ အပြင်အဆင်ပိုင်းကလည်း နည်းပညာတွေနဲ့ Treatment လုပ်ထားတဲ့ဝါးတွေနဲ့ Natural Product တွေကို သုံးထားတယ်။ အစားအသောက်ပိုင်းမှာလည်း Contemporary ဘက်ကို သွားထားတယ်။ ပိုင်ရှင်တွေ ကိုယ်တိုင်ကလည်း ဒီအလုပ်ကို လုပ်ရတာပျော်သလို အဓိက ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ဝါသနာတွေကို အသုံးချတာဖြစ်ပြီး ရန်ကုန်မှာရှိတဲ့သူတွေကိုလည်း အသွင်အပြင်အသစ်တွေနဲ့ ဒီလို Fine Dining လေးရှိတယ်ဆိုတာကို ပြချင်တာပါ။

TheSeeds5

ရရှိနိုင်တဲ့ဟင်းလျာတွေ . . .

ဆိုင်မှာရနိုင်တဲ့ ဟင်းလျာတွေဆိုရင်တော့ အဓိကက International Contemporary Cuisine ပါ။ Western Food တွေ ပိုများပါတယ်။ ပြည်တွင်းမှာရှိတဲ့ Ingredients တွေကိုလည်း တော်တော်များများ အသုံးပြုထားပါတယ်။ တချို့နိုင်ငံခြားကမှာရတဲ့ အသား၊ ငါးတွေကလွဲလို့ အာရှမှာရှိတဲ့ Ingredients တွေကိုပဲ သုံးထားပြီး Own Creation လုပ်ထားပါတယ်။

TheSeeds6

တခြားဘယ်လိုဝန်ဆောင်မှုတွေ ပံ့ပိုးပေးထားလဲ . . .

ဆိုင်မှာ Party ၊ မင်္ဂလာပွဲတွေ လာရောက်ပြုလုပ်နိုင်ပါတယ်။ ဆိုင်ရဲ့ အင်းယားကန်ရှုခင်းနဲ့ ဥယျာဉ်လေးက တကယ်ကို Romantic ဆန်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

ဆိုင်က Lunch နဲ့ Dinner အတွက်ပဲ ဖွင့်တာပါ။ Lunch အတွက် မနက် ၁၁ နာရီခွဲကနေ နေ့လည် ၂ နာရီ အထိ ဖွင့်ပါတယ်။ Dinner အတွက် ညနေ ၅ နာရီခွဲကနေ ည ၁၁ နာရီအထိ ဖွင့်ထားပါတယ်။ နေ့လည် ၂ နာရီ နောက်ပိုင်း ဧည့်သည်က ဆက်ထိုင်ချင်တယ်ဆိုရင်လည်း ရပါတယ်။ သောက်စရာတွေ မှာလို့ရပေမယ့် Kitchen ကတော့ ၂ နာရီ နောက်ပိုင်းကနေ ၅ နာရီခွဲအထိ ပိတ်ပါတယ်။

TheSeeds7

ထူးခြားချက် . . .

ဆိုင်မှာ ChefTable ဆိုတာ ရှိပါတယ်။ Family Table လို့လည်း ခေါ်ပါတယ်။ Family Table မှာ စားမယ်ဆိုရင် ကြိုတင် Booking လုပ်ရပါမယ်။ Family Table မှာ စားတဲ့သူတွေက Kitchen ထဲမှာ ဝင်ကြည့်လို့ရပြီး Kitchen ရဲ့ Experience ရမယ်။ နောက်ထူးခြားချက်က Seed ဆိုတဲ့ မျိုးစေ့လေးတစ်ခု ရှင်သန်ကြီးထွားလာဖို့ ရေ၊ လေ၊ မြေ၊ မီး ဆိုတဲ့ ဓာတ်ကြီးလေးပါး လိုပါတယ်။ ဓာတ်ကြီးလေးပါးကို ကိုယ်စားပြုတဲ့အရာတွေ တော်တော်များများ ဒီစားသောက်ဆိုင်ထဲမှာ ရှိပါတယ်။ သုံးထားတဲ့ ပန်းကန်တွေထဲမှာ လေကို ကိုယ်စားပြုတာ၊ ကမ္ဘာမြေကြီးကို ကိုယ်စားပြုတာတွေ ရှိတယ်။ Wine List အထဲမှာဆိုရင်လည်း ရေ၊ လေ၊ မြေ၊ မီး စတာတွေကို ကိုယ်စားပြုတဲ့ Wine ဆိုပြီး ရှိပါတယ်။

ဈေးနှုန်းပိုင်း . . .

A La Carte ထဲမှာဆိုရင် ၁၂ ဒေါ်လာလောက်ကနေ ဒေါ်လာခြောက်ဆယ်အထိ ရှိပါတယ်။ Set Menu ဆိုရင်တော့ ဒေါ်လာ ခြောက်ဆယ်၊ ခုနစ်ဆယ် ဝန်းကျင်ရှိပါတယ်။ Wine တွေဆိုလည်း ဒေါ်လာသုံးဆယ်လောက်ကနေ ဒေါ်လာသုံးထောင်ကျော်အထိ ရှိပါတယ်။ ဆိုင်မှာရနိုင်တဲ့ ဟင်းလျာတွေနဲ့ ဈေးနှုန်းတွေကို SEEDS Restaurant ရဲ့ Website မှာ ပြည့်ပြည့်စုံစုံ တင်ပေးထားပါတယ်။