ငွေဆောင်ကမ်းခြေမှာ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းရွက်လှေပြိုင်ပွဲဖွင့်ပွဲ

Image 1_Credit to Myanmar Yachting Federationpost1 ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တုန်းက မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က ဧည့်ခံကြီးမှူးတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ ရွက်လှေပြိုင်ပွဲဖွင့်ပွဲ ကို ငွေဆောင်ကမ်းခြေမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ပြည်ထောင်စုမြန်မာနိုင်ငံ၊ နိုင်ငံတော်အလံကို လွှင့်တင်ပြီး စတင်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ ရွက်လှေပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ အိုလံပစ်ကော် မတီအဖွဲ့ဝင်နှင့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌဦးမိုးမြင့်က ပြိုင်ပွဲဝင်ရွက်လှေအသင်းများကို ကြိုဆိုမိန့်ခွန်းများပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဦးမိုးမြင့်တို့နဲ့အတူ အားကစားဝန်ကြီးဌာန၊ ဒုတိyachting opening postယဝန်ကြီးဦးသောင်း ထိုက်တို့ကနေပြီး ဆီးဂိမ်းရွက်လှေပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ မြန်မာ့တိုင်းရင်းသား အကပဒေသာတွေနဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းရွက်လှေပြိုင်ပွဲရဲ့ ပြိုင်ပွဲသီချင်းဖြစ်တဲ့ We Are The Champions သီချင်းနဲ့ ဖျော်ဖြေတင်ဆက်ကာ ဖွင့်ပွဲအစီအစဉ်ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။ ငွေဆောင်ကမ်းခြေမှာကျင်းပမယ့်ရွက်လှေပြိုင်ပွဲတွေမှာ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အားကစားသမားပေါင်း ၁၂၅ ယောက် တို့က ရွက်လှေ အားကစားနည်း ၁၃ မျိုးကို ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု ရွက်လှေအသင်းမှာ လက်ရွေးစင်ရွက်လှေ ကစားသမား ၂၅ ယောက်နဲ့အတူ မြန်မာနိုင်ငံသား နည်းပြနှစ်ယောက်နဲ့ နိုင်ငံခြားသားနည်းပြ ခုနစ်ယောက်တို့ ပါဝင်ပြီး ရွက်လှေအားကစား အမျိုး အစား အားလုံးမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ၂၇ ကြိမ်မြောက် SEA Games ရွက်လှေပြိုင်ပွဲတွေအကြောင်း ပိုမိုသိရှိလိုပါက http://www.myanmarsailing.com နဲ့ https://www.facebook.com/YangonSailingClub တို့မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။