SCG ဟာ မွန်ပြည်နယ်ပြည်သူဦးရေ ၂၀၀ရဲ့ မျက်စိတိမ်ခွဲစိတ်ကုသမှု ရွေ့လျားအစီအစဉ်ဖြစ်တဲ့ Sharing a Brighter Vision အစီအစဉ်ကို အောက်တိုဘာလ ၈ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါတယ်။ သုတေသနအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်ရှိ အမြင်အာရုံထိခိုက်ချို့ယွင်းမှုအမြင့်ဆုံးနှုန်းတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး ယခုအစီအစဉ်သည် SCG ရဲ့ မွန်ပြည်နယ်လူ့အဖွဲ့အစည်းတွင် တာဝန်ယူတတ်သော အဖွဲ့ဝင်တစ်ဦးဖြစ်ရန် ကတိကဝတ်ပြုမှုအတွက် တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ချက်ဖြစ်လည်းဖြစ်ပါတယ်။
Sharing a Brighter Vision အစီအစဉ်ကို ထိုင်းနိုင်ငံရဲ့ ဦးဆောင်မျက်စိတိမ်ခွဲစိတ်ကုသမှု စင်တာဖြစ်တဲ့ Banphaeo ဆေးရုံ၊ တစ်ဦးချင်းစီပြည့်ဝကုံလုံရေးနှင့် ရေရှည်တည်တံ့ရေးတို့အတွက် ထောက်ပံ့ပေးနေတဲ့ The Crown Property Bureau ၊ မွန်ပြည်နယ် လူထုကျန်းမာရေးဝန်ကြီးဌာန၊ ဂုဏ်သရေရှိထိုင်းသံရုံး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတို့နဲ့ ပူးပေါင်းကာ အကောင်အထည်ဖော်ခဲ့ကြောင်းသိပါတယ်။
အဆိုပါ Program ဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ကျင်းပခဲ့ပြီး မွန်ပြည်နယ်အစိုးရဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr.PisanuSuvanajata ၊ The Crown Property Bureau မှ Chief Operation Office မှ Deputy Director-General ဖြစ်သူ Mrs.Vunvimol Supprasert ၊ Banphaeo Hospital မှ Chairman of the Board of Directors ဖြစ်သူ Mr.Narongsakdi Aungkasuvapala ၊ SCG Myanmar မှ Country Director Chana Poomee နဲ့ မော်လမြိုင်အထွေထွေဆေးရုံကြီးမှ ဆေးရုံအုပ်ဖြစ်သူ၊ ဒေါက်တာမောင်မောင်ဇင်တို့မှ ဦးဆောင်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှ ဆရာဝန်နဲ့ဝန်ထမ်း ၂၅ဦးအဖွဲ့၊ ခေတ်မီ ဆေးဝါးစက်ကိရိယာတို့ပါဝင်အားဖြည့်ထားတဲ့ Sharing a Brighter Vision အစီအစဉ်ဟာ ပထမနှစ်အတွင်းမှာ မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်ထို၊ ကျိုက်မရော၊ မုဒုံ၊ ပေါင်၊ ချောင်းဆုံ၊ ရေး၊ သထုံ၊ သံဖြူဇရပ်နဲ့ ဘီးလင်းတို့တွင်ရှိတဲ့ အခွင့်အရေးမရရှိသော လူနာဦးရေ ၂၀၀ ကိုကုန်ကျစရိတ်မယူဘဲ ကုသပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ လူနာတွေကို ကနဦးစစ်ဆေးတဲ့အဆင့်ကို စက်တင်ဘာလအစောပိုင်းတွင် ပြုလုပ်ခဲ့ကြပြီး မော်လမြိုင်အထွေထွေဆေးရုံကြီးတွင် အောက်တိုဘာလ ၈-၉ ရက်၊ နှစ်ရက်တွင် ခွဲစိတ်ကုသမှု ၂၀၀ ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုအပြီးစစ်ဆေးမှုကတော့ အောက်တိုဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့တာပါ။ ခွဲစိတ်ကုသမှုအပြီးရက်သတ္တပတ်တစ်ပတ်နဲ့ ရက်သတ္တလေးပတ်အကြာတွင် The Banphaeo ဆေးရုံမှ ကျွမ်းကျင်အဖွဲ့တွေက လူနာများကို စစ်ဆေးမှုပြုလုပ်ရန် မော်လမြိုင်မြို့ကို ထပ်မံသွားရောက်မှာဖြစ်ကြောင်းလည်း သိရပါတယ်။