Sasin University ရဲ့Sasin – Royal Thai Government Scholarships

Sasin Graduate Institute of Business Administration of Chulalonkorn University ဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးစီးပွားရေးကျောင်းဖြစ်ပါတယ်။ MBA (Master of Business Administration), EMBA (Executive Master of Business Administration), HRM (Human Resource Management) နဲ့ Ph.D (Doctor of Philosophy in Business Administration) အစရှိတဲ့ Program တွေတက်ရောက်နိုင်တဲ့ Sasin University က ၂၀၁၅ ခုနှစ်  Master of Business Administration Program အတွက် Sasin –Royal Thai Government Scholarships ကို မြန်မာနိုင်ငံ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့ကို ရွေးချယ်ခဲ့ပါတယ်။ ပညာသင်ဆုရရှိတဲ့သူတွေဟာ ပညာသင်စရိတ်၊ ကျူရှင်စရိတ်၊ နေရာထိုင်ခင်း၊ ကျန်းမာရေးထောက်ပံ့စရိတ်၊ လစဉ်ထောက်ပံ့ကြေး၊ အသွားအပြန်ခရီးစရိတ်စတာတွေကို တာဝန်ယူမှာဖြစ်ပြီး ပညာသင်ဆုအတွက် လျှောက်ထားလိုသူဟာ GPA  အနည်းဆုံး 3.25 ရတဲ့သူ (သို့မဟုတ်) ဒီသတ်မှတ်အရည်အချင်းရှိသူ၊ အနည်းဆုံးလုပ်သက် တစ်နှစ်ရှိသူ၊ TOEFL အမှတ် ၅၅၀ (သို့မဟုတ်) IELTS အမှတ် ၆.၀ ရှိသူ(သို့မဟုတ်) အင်တာဗျူးဖြေဆိုချိန်မှလွန်ခဲ့တဲ့နှစ်နှစ်အတွင်း ယင်းအရည်အချင်းနဲ့ကိုက်ညီသူနဲ့ အင်တာဗျူးဖြေချိန်မှ လွန်ခဲ့တဲ့ငါးနှစ်အတွင်း သင့်တင့်တဲ့ GMAT (သို့မဟုတ်) GRE ရရှိသူဖြစ်ရမယ်လို့ ဆိုပါတယ်။ ပညာသင်ဆုအတွက်၂၀၁၅ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်လွှာတွေကို ထိုင်းသံရုံးမှာ ရယူနိုင်တယ်လို့ သိရပါတယ်။ ယင်းပညာသင်ဆုကြေညာခြင်းအခမ်းအနားကို နိုဝင်ဘာ ၄ ရက်နေ့က ထိုင်းသံရုံးမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ Asean 8