ဖိလစ်ပိုင်နိုင်ငံရဲ့ လုပ်ငန်းအမျိုးအစားအများဆုံးကို ဖြန့်ကျက်လုပ် ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ San Miguel ဟာ ၂၀၁၃ ခုနှစ်မှာ လေးနှစ်တာအတွင်း တစ်နှစ်လုံးအတွက် အမြတ်ပမာဏအ မြင့်ဆုံးရရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။San Miguel ရဲ့ ၂၀၁၃ ခုနှစ်အတွက် အသားတင်ဝင်ငွေပမာဏ ဖိလစ်ပိုင်ပီဆို ၅၃.၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၁၉ ဘီလီယံ)ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က ထက် ၂၀ ရာခိုင်နှုန်းတိုးလာခဲ့တာဖြစ်တယ်လို့San Miguel ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ စုစုပေါင်းဝင်ငွေ ၇ ရာခိုင်နှုန်း ပီဆို ၇၄၈ ဘီလီယံအထိ တိုးတက်လာခဲ့ပါတယ်။ ဘီယာချက်စက်ရုံလုပ် ငန်းကို ပြီးခဲ့တဲ့ ရာစုနှစ်ကတည်းက စတင်လုပ် ကိုင်လာခဲ့တဲ့San Miguel ဟာ ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ စွမ်းအင်၊ လေကြောင်းလိုင်း၊ သတ္တုတူးဖော်ရေး၊ ဆက်သွယ်ရေး၊ ရေနံသန့်စင်ရေးနဲ့ ဖြန့်ဖြူးရေး လုပ်ငန်းနဲ့ အခြေခံအဆောက်အအုံလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ တိုး ချဲ့လုပ်ကိုင်လာခဲ့ပါတယ်။
Ref: Reuters