Samsung Galaxy Note 5 မိတ်ဆက်ပွဲ

samsung3 Samsung Myanmar မှ Galaxy Note မျိုးဆက်တွေထဲက တစ်ခုဖြစ်တဲ့ Samsung Galaxy Note 5 စမတ်ဖုန်းသစ် မိတ်ဆက်ပွဲအခမ်းအနားကို သြဂုတ်လ ၁၇ ရက်မှာ Novotel Max Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇိုင်းပုံစံသစ်နဲ့ ပြုလုပ်ထားတဲ့ Galaxy Note 5 မှာ Multi-Task အသုံးပြုသူတွေအတွက် SideSync ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတဲ့ 5th Generation S Pen ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေပါဝင်လို့ သိရပါတယ်။ samsung2 Samsung Myanmar မှ မန်းနေဂျင်းဒါရိုက်တာ Nam Sik Ahn က “ အသုံးပြုသူအများစု မနှစ်သက်တဲ့အချက်တွေကို Screen ဆိုဒ်ကြီးတဲ့ စမတ်ဖုန်းက ပေးစွမ်းနိုင်ပါတယ်။ ဖန်သားပြင် မြင်ကွင်းအတွေ့အကြုံ၊ လမ်းသွားလမ်းလာရင်း လုပ်ငန်းဆောင်ရွက်လို့ရလာတဲ့ အချက်တွေနဲ့ အမြဲတမ်းဖြေရှင်းသွားနိုင်တယ်လို့ Samsung အနေနဲ့ယုံကြည်ပါတယ် ”လို့ ၎င်းကဆိုပါတယ်။ samsung1 Samsung Galaxy Note 5 ကို သြဂုတ်လ ၂၃ ရက်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ အနက်ရောင်(Black Sapphire) နဲ့ ရွေရောင် (Gold Platinum)တို့ကို 32GB Storage အရွယ်အစားနဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။