Samsung ရဲ့ မြန်မာစနစ်ပါဝင်တဲ့Smartphone များ မိတ်ဆက်ပွဲ

Samsung Samsung ရဲ့ မြန်မာစနစ်အသင့်ပါဝင်တဲ့ Smartphone တွေအကြောင်း မိတ်ဆက်ပွဲကို ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ Junction Square  မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ Samsung ရဲ့ Head of channel Management, HHP  ဦးဇာနည်ဝင်းထက်က အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ HHP Retail Manager ဦးဇော်မိုးအောင်က မြန်မာစနစ်ပါဝင်တဲ့ Smartphone တွေအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ မြန်မာဘာသာစနစ် အဆင်သင့်ပါဝင်ပြီး မြန်မာစာ Font ထည့်ဖို့အတွက် အပိုကုန်ကျစရာမလိုတဲ့အပြင် Phone စနစ်တစ်ခုလုံး၊ ဒါမှမဟုတ် တခြား Function တစ်ခုခုမှာ လိုသလို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Zawgyi Font  သုံးထားတဲ့အတွက် Facebook လို Social Media တွေ အသုံးပြုတဲ့အခါမှာလည်း အဆင်ပြေ စေမှာပါ။ မြန်မာဘာသာစနစ်ကို Samsung Galaxy S4 ၊ Galaxy Grand Duos (Dual GSM SIM) နဲ့ Galaxy Grand Duos (CDMA + GSM Dual) တို့မှာ အဆင်သင့်ထည့်သွင်းပေးထားပြီး မကြာခင်မှာ တခြား Samsung Smartphone တွေမှာပါ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။ အရင်က ဝယ်ယူထားပြီး Samsung Smartphone တွေလည်း Firmware Update လုပ်ကာ Setting ထဲက Language ကိုရွေးပြီး မြန်မာဘာသာကို ရယူနိုင်တယ်လို့ သိရပါတယ်။ အသေးစိတ်အချက်အလက် တွေကိုတော့ ဖုန်း - ၃၈၂၁၁၂ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။