Sales and Marketing နယ်ပယ်မှ အလုပ်အကိုင် ရှာဖွေသူ ၃၀၀၀ ခန့်တက်ရောက်ခဲ့သည့် Sales & Marketing Career Conference 2017

မြန်မာနိုင်ငံရှိထိပ်တန်းကုမ္ပဏီများတွင် အလုပ်အကိုင်များရရှိနိုင်ပြီး အလုပ်ခေါ်ယူသူများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်သည့် Sales & Marketing Career Conference 2017 ပွဲကို သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင်ကျင်းပခဲ့ပြီး Sales and Marketing နယ်ပယ်မှ အလုပ်အကိုင်ရှာဖွေသူပေါင်း ၃၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

smcareer5

အဆိုပါပွဲကို နံနက ်၉နာရီမှ ညနေ ၅ နာရီအထိကျင်းပခြင်းဖြစ်ပြီး အခြားသော အလုပ်အကိုင်ပြပွဲများနှင့် မတူညီသည့်အချက်မှာ ယခုအလုပ်အကိုင်ပြပွဲသည် Sales & Marketing ကဏ္ဍသီးသန့် အလုပ်အကိုင်ပြပွဲဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော အလုပ်အကိုင်ပြပွဲဖြစ်ခဲ့သည်။ မြန်မာနိုင်ငံရှိ Sales နှင့် Marketing ပိုင်းလုပ်သား ခေါ်ယူလိုသောကုမ္ပဏီကြီးများသည်  Sales & Marketing ပိုင်းအတွက် ဘွဲ့ရခါစလူငယ်များမှ ဒါရိုက်တာ Level အထိ လျှောက်ထားနိုင်စေရန် ခေါ်ယူခဲ့ကြခြင်းဖြစ်သည်။

smcareer4

Sales & Marketing Career Conference ၏ အခြားသော ထူးခြားချက်သည် အလုပ်အကိုင်အခွင့်အလမ်းရရှိရုံမက နယ်ပယ်အလိုက် အလုပ်အကိုင်ဆိုင်ရာ ဝါရင့်ကျွမ်းကျင်ပညာရှင်များရဲ့ အကြံဉာဏ်များကိုပါ တက်ရောက်နားထောင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

smcareer3

“ကုမ္ပဏီကြီးတွေက တိုက်ရိုက်ခေါ်ဆိုတဲ့ ဒီလို Conference တွေ ရှိလာတာ အရမ်းကောင်းတယ်။ ကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးချက်တွေကလည်း အရမ်းနားထောင်လို့ ကောင်းတယ်။ ကျွန်မက Sales ပိုင်းက ဆိုပေမယ့် Sales နဲ့ ပတ်သက်ပြီး ကိုယ်မသိသေးတာတွေကိုလည်း နားထောင်ခွင့်ရခဲ့တယ်။ သဘောတရားတွေကိုလည်း ပိုပြီးသဘောပေါက်လာခဲ့တယ်။ တကယ်ကို အကျိုးရှိခဲ့ပါတယ်။ နောက်လည်း ဒီလိုပွဲတွေ ဆက်ပြီး လုပ်စေချင်တယ်။” ဟု အဆိုပါ Sales & Marketing Career Conference သို့ တက်ရောက်လာသူ မမြတ်နိုးပွင့်ကပြောသည်။

smcareer2

ယခု Sales & Marketing Career Conference သို့ တက်ရောက်ခဲ့သူများအနေဖြင့် နိုင်ငံအတွင်းရှိ ထိပ်တန်းကုမ္ပဏီကြီးများမှ အလုပ်အကိုင် အခွင့်အလမ်းများကို သိရှိလျှောက်ထားခဲ့ကြသည့်အပြင် Sales နှင့် Marketing ကဏ္ဍတွင် ကျွမ်းကျင်သော ပြည်တွင်းပြည်ပမှ ဝါရင့်ပုဂ္ဂိုလ်ကြီးများဖြစ်သည့် KBZ Group မှ Creative Director နှင့် Head of Brand Communication ဖြစ်သူ Zinmar Win Adkin ၊ City Mart Holding ၏ MARCOMs Consulting မှ Eileen Lui ၊ iflix မှ Country Manager ဖြစ်သူ Adeana Greenlee ၊ TODAY Oglivy Mather မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Andy Anett ၊ Mango Group ၏ ကုမ္ပဏီတစ်ခုဖြစ်သည့် Wave Digital မှ အထွေထွေမန်နေဂျာဖြစ်သူ Yu Yu Din ၊ Echo Myanmar မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Anthony Larmon နှင့် နိုင်ငံတွင်းရှိ ထိပ်တန်းကုမ္ပဏီကြီးများမှ CEO များ၏ ဆွေးနွေးဟောပြောမှုများမှ ဗဟုသုတအမျိုးမျိုး၊ အနာဂတ်တွင်လိုက်ပါလုပ်ဆောင်ရမည်များနှင့် အခြားသိရှိသင့်သိရှိထိုက်သည်များကို ဟောပြောခဲ့ကြသည်။

smcareer1

Jobnet.com.mm ၏ Managing Director ဖြစ်သူ Mr.Matt De Luca က “ဒီပွဲဟာ အောင်မြင်တဲ့ ပွဲတစ်ပွဲဖြစ်ပြီး Sales and Marketing နယ်ပယ်အတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးဟောပြောမှုတွေကို နားထောင်နိုင်ပြီး တခါတည်းအလုပ်လျှောက်နိုင်တဲ့အတွက် စိတ်ဝင်စားမှုများပြားခဲ့ပါတယ်။ Jobnet.com.mm အနေနဲ့လည်း ဒါမျိုးပွဲတွေ စီစဉ်ပေးရတာ ဝမ်းသာပါတယ်။ နောက်ကိုလည်း အလားတူ ပွဲတွေကို မတူညီတဲ့ ကဏ္ဍတွေအတွက် ကျင်းပသွားဦးမှာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ Sales & Marketing Career Conference 2017 ပွဲအား Platinum sponsor အဖြစ် MPT ၊ MyWorld Career ၊ Coca Cola နှင့် Gold sponsor များအဖြစ် Myanmar Brewery ၊ Echo Myanmar နှင့် Ooredoo တို့မှ ပါဝင်ပံ့ပိုးပေးထားကြသည်။ ထို့အပြင် Huawei ၊ PMG၊ CDSG ၊ Edulink ၊ CMHL ၊ JobNet ၊ Shwe Property ၊ Gandamar OA ၊ Success Property ၊ DKSH စသော ကုမ္ပဏီကြီးများက ပါဝင်ပံ့ပိုးပေးကြသည်။