နှစ်ပေါင်း ၁၁၀ ရှိပြီဖြစ်တဲ့ Rolls Royce ဟာ UK-based Luxury Vehicle ဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ BMW ကဝယ်လိုက်ပြီး ၂၀၁၃ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းလုံး ကားအစီးပေါင်း ၃,၆၃၀ ရောင်းထွက်ခဲ့ပါတယ်။ အရင်ကတည်းက အာရှနဲ့ အရှေ့အလယ်ပိုင်း၊ အရှေ့အာရှရှိ လူချမ်းသာအသိုင်းအဝိုင်းရဲ့ Demand တစ်ခုဖြစ်လာခဲ့ပြီး အခုဆိုရင် မြန်မာနိုင်ငံဆီကိုလည်း ခြေဆန့်လာဖို့ ရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဘယ်လိုခြေလှမ်းရှိမလဲဆိုတာကို Rolls Royce ရဲ့ Global Client Sales Manager ဖြစ်သူ Ian Grant နဲ့ တွေ့ဆုံခဲ့စဉ် အခုလိုမေးမြန်းခဲ့ပါတယ်။
လုပ်ငန်းအတွေ့အကြုံ . . .
ကျွန်တော် Financial Services Industry မှာ ဝင်ရောက်ချိန်က ၂၀၀၁ ခုနှစ်ပါ။ အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာတဲ့ UK ရဲ့ကားဈေးကွက်မှာ လုပ်ကိုင်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ ကျွန်တော် BMW အုပ်စုရဲ့ Financial Services ပိုင်းမှာ Regional Sales Corporate Sales Mangaer အဖြစ် လုပ်ကိုင်ခဲ့တယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ Rolls-Royce Motor Car နဲ့ တွဲလုပ်ဖို့အတွက် UK ကနေ စင်ကာပူကိုပြောင်းခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လုပ်ကိုင်ခဲ့တယ်။ အခုဆိုရင် ကျွန်တော်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံတွေနဲ့ ဟိုတယ်တွေ၊ ကာစီနိုတွေ၊ Luxury Jet Company စတာတွေကို မျှော်မှန်းထားတယ်။ ကျွန်တော်တို့ Market ကို Inspire ဘယ်လိုလုပ်မလဲ၊ ဘယ်လို Luxury Traveller တွေက Rolls Royce နဲ့ သင့်တော်မလဲ၊ ကြယ်ငါးဆင့်၊ ခြောက်ဆင့်ရှိဟိုတယ်တွေမှာ တည်းခိုသူတွေ၊ Private Residence ရှိသူတွေ၊ Private Villa တွေရှိလူတွေကို ကျွန်တော်တို့ရဲ့ Rolls Royce ဘယ်လို Supply လုပ်မလဲ၊ Service ဘယ်လို လုပ်မလဲဆိုတာတွေ စတဲ့ လိုအပ်ချက်တွေကိုဖြည့်ဖို့ အသင့်ရှိနေပါတယ်။
Rolls Royce ကားနဲ့ တခြားကားတွေရဲ့ ကွာခြားချက် . . .
Rolls Royce ကားက တခြားဘယ်ကားနဲ့မှ မတူပါဘူး။ မော်တော်ကားလောကဆိုတာ ပြိုင်ဆိုင်မှု သိပ်များပါတယ်။ ကျွန်တော်ပြောနိုင်တာတော့ Rolls Royce ကားကို ပထမဆုံးအကြိမ်စီးတဲ့ ဘယ်သူမဆို အားလုံးပြုံးနေကြတာပဲ။ ပထမဆုံးအကြိမ်တင်မဟုတ်ဘဲ အကြိမ်တစ်ရာမြောက်စီးရင်လည်း ဒီလိုပဲ ပြုံးနေတာပါပဲ။ သူတို့အတွက် Rolls Royce ရဲ့ ထိုင်ခုံမှာ ထိုင်စီးဖို့ဆိုတာက ဦးစားပေးအဆင့်မှာ ရှိပါတယ်။ Rolls Royce တစ်စီး လမ်းမပေါ်မှာ ဖြတ်သွားပြီဆိုရင် အားလုံးက ကားပေါ်မှာပါလာတဲ့ လူကြီးလူကောင်းတွေကို လိုက်ကြည့်နေမှာ ဖြစ်ပါတယ်။ အဲလိုပဲ ကိုယ့်နောက်မှာ Rolls Royce ကားတစ်စီးလာနေတယ်ဆိုရင် ဟိုအဝေးကြီးကတည်းကနေ ဒါဟာ Rolls Royce Brand ဆိုတာ သိနိုင်ပါတယ်။
ဘာကြောင့် မြန်မာနိုင်ငံဈေးကွက်ကို ရွေးချယ်ခဲ့တာလဲ . . .
ကျွန်တော်တို့ မြန်မာနိုင်ငံကို သေချာပေါက်ရွေးချယ်ရမယ်။ ကျွန်တော်တို့က Customer Result ကို အမြဲကြည့်တယ်။ ဒီမှာ ကျွန်တော်တို့အတွက် Demand ရှိတယ်။ ကျွန်တော်တို့ဘက်က Rolls Royce ကားနဲ့ ပတ်သက်ပြီး Customer တွေ သိချင်တာမှန်သမျှကို Support လုပ်ပေးနိုင်တဲ့ ဝန်ထမ်းတွေ၊ မန်နေဂျာတွေ အလုံအလောက်ရှိသလို Customer တွေ တစ်ခုခုလိုအပ်ရင် နေ့ချင်းသွားပြီး ဖြေရှင်းပေးနိုင်တဲ့ Service တွေရှိတယ်။ မြန်မာနိုင်ငံနိုင်ငံမှာရှိတဲ့ Rolls Royce ကားအားလုံးကလည်း Customer တွေရဲ့ လိုအပ်ချက်ကြောင့် အဓိကအားဖြင့် ထိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်တို့ကနေ တင်သွင်းနေရတယ်။
မြန်မာနိုင်ငံမှာ ကျွန်တော်တို့ အခုချိန်ထိ Dealership မရသေးဘူး။ ကျွန်တော်တို့ကြည့်နေတယ်၊ သုံးသပ်နေတယ်။ အချိန်ကျလာတဲ့အခါကျရင် အနည်းဆုံးကုမ္ပဏီသုံးခုလောက်ရှိနိုင်အောင် ကျွန်တော်တို့ လုပ်မှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ အသင့်တော်ဆုံးပါတနာကို ကျွန်တော်တို့ကြည့်နေပါတယ်။ Local Market အတွက် မစဉ်းစားခင် Environment Awareness အတွက် ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။ Rolls Royce ကလည်း BMW ရဲ့ Group တစ်ခုပဲဖြစ်တဲ့အတွက် Environment Awareness နဲ့ Green Company တစ်ခုဖြစ်နေဖို့က ကျွန်တော်တို့အတွက် တော်တော်အရေးကြီးပါတယ်။ ကျွန်တော်တို့ Dealership ရှာတဲ့ အခါမှာလည်း Environmental Awarness နဲ့ Green Company ဖြစ်ဖို့ကို အထူးဂရုစိုက်မှာပါ။
မြန်မာနိုင်ငံကို ဝင်ရောက်တဲ့အခါ Risk က ဘာတွေဖြစ်မလဲ . . .
ကျွန်တော်တို့ Rolls Royce ကား Demand ပေါင်း တစ်ရာကျော်လောက် ရှိတယ်ဆိုတဲ့အချက်ကို တွေ့ရတဲ့အခါ Rolls Royce Brand မြန်မာ့လူ့အသိုင်းအဝိုင်းထဲ လာရောက်ဖို့ဖြစ်လာတယ်။ မြန်မာနိုင်ငံရဲ့ ဒီနေ့အခြေအနေအရ ကျွန်တော်တို့ Business Plan တို့၊ Dealership တို့ မလုပ်သေးပါဘူး။ ဒီမှာက ဒီလိုမျိုး Luxury Vehicle တွေအတွက် အခွန်အကောက်က ရှိသေးတယ်။ ဒီနှစ်ကုန် ရွေးကောက်ပွဲပြီးတဲ့အခါမှာတော့ ကျွန်တော်တို့ အပြောင်းအလဲတချို့ကို မျှော်မှန်းထားပါတယ်။
ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး Hospitality and Tourism Conference 2015 ပွဲမျိုးမှာ ကျွန်တော်တို့ရဲ့ Rolls Royce Luxury Band ကို ဒီပွဲကိုလာတဲ့သူတွေရော၊ အစိုးရပိုင်းတာဝန်ရှိသူတွေရောရဲ့ Awareness မြင့်ပေးနိုင်ခဲ့တယ်။
ဘယ်လောက်အတိုင်းအတာထိ Rolls Royce Brand ကိုမြန်မာနိုင်ငံမှာ ချဲ့ထွင်သွားဖို့ရှိပါသလဲ . . .
ကျွန်တော်တို့ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာ ကျွန်တော်တို့အတွက် Dealership တစ်ယောက်ပဲ ရှိတယ်။ မြန်မာနိုင်ငံအတွက်လည်း Dealership တစ်ယောက်ဆို လုံလောက်တယ်လို့ထင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ အသင့်တော်ဆုံးနေရာတွေမှာ Service Centre တွေ ထားပေးဖို့ လိုအပ်တယ်။ အခု လောလောဆယ် ရန်ကုန် BMW Partner ဆိုရင် ရန်ကုန်နဲ့မန္တလေးတို့မှာ Service Centre တွေရှိနေပြီ။ သူဆိုရင်လည်း Rolls Royce parts တွေအတွက် တရားဝင် Service တွေ လုပ်ပေးလို့ရပြီ။ အနာဂတ်မှာတော့ နောက်ထပ် Dealership လေးယောက်လောက်ရဖို့ မျှော်မှန်းထားပြီး မြန်မာနိုင်ငံရဲ့ တောင်မြောက်တစ်ဝန်း Service Centre တွေ ဖွင့်ဖို့ ရှိပါတယ်။ တစ်နှစ်ကို ကားဆယ်စီးကနေ ၁၅ စီးကြားရောင်းထွက်ဖို့လည်း မျှော်လင့်တယ်။
Warranty ပိုင်းနဲ့ ပတ်သက်ပြီး ပြောပြပေးပါ . . .
Rolls Royce ကားအားလုံးအတွက် Service ပိုင်းရော၊ Maintenance ပိုင်းရော လေးနှစ်အာမခံရှိသလို၊ Road-side Assistance အတွက်လည်း လေးနှစ်အာမခံရှိတယ်။ Service ပိုင်းနဲ့ပတ်သက်ရင် Best Level Service ကို ရရှိမှာပါ။
အယ်ဒီတာအဖွဲ့