အရှေ့တောင်အာရှအထိ ဖြန့်ကြက်ရောက်ရှိလာတဲ့ Rolls-Royce မော်တော်ကားတွေ

Roll Royce copy ဂျာမနီနိုင်ငံက BMW ကားကုမ္ပဏီ ရဲ့ ယူနစ်တစ်ခုဖြစ်တဲ့ Rolls-Royce  တန်ဖိုးမြင့် မော်တော်ကားလုပ်ငန်းက  မနီလာမြို့မှာ ကားအရောင်းပြခန်းကို ပထမဦးဆုံးဖွင့်လှစ် လိုက်ပါတယ်။ တရုတ်၊ ဂျပန်စတဲ့ နိုင်ငံတွေအပြင်၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့စင်ကာပူနိုင်ငံတို့လို အရှေ့တောင်အာရှ နိုင်ငံတွေမှာပါ အလား အလာကောင်းတွေ မြင်တွေ့နေ ရကြောင်း Rolls-Royce ရဲ့အမှုဆောင်အရာရှိချုပ် Torsten Muller-Oetvoes  က ဆိုပါတယ်။ ခုလို အကောင်းမြင်လာတာဟာ Wraith အမည်ရှိ တံခါးနှစ်ပေါက်ပါ ကားမိုဒယ်ကြောင့်လည်း ဖြစ်ပါတယ်။ ဒီကားတွေဟာ ငယ်ရွယ်တဲ့ လူကုံထံ ကားချစ်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး Rolls-Royce  ရဲ့ သွက်လက် ထက်မြက်တဲ့ မိုဒယ်တစ်မျိုးလည်းဖြစ်ကြောင်း Muller-Oetvoes က ပြောပါတယ်။                Ref: Reuters