[caption id="attachment_14385" align="alignnone" width="720"]
Black Ruby Rolls-Royce
[/caption] Rolls-Royce ကားကုမ္ပဏီဟာ ဒီနှစ် ရဲ့ ပထမနှစ်ဝက်မှာ ကားအစီးရေ ၁,၉၆၈ စီးရောင်းချခဲ့ရပြီး မနှစ်က အလားတူကာလမှာ ၁,၄၇၅ စီး ရောင်းချခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ် ပထမနှစ်ဝက်ကာလမှာ ရောင်းအား ၃၃ ရာခိုင်နှုန်းတိုးလာတာဖြစ်ပါတယ်။ အခုလိုရောင်းအားတိုးလာတာဟာ Rolls-Royce ရဲ့ Feature အသစ် တွေကြောင့်သာမကဘဲ ကမ္ဘာတစ်ဝန်း မှာ ဘီလီယံနာဦးရေးတိုးလာတာ ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Forbes ရဲ့ စစ်တမ်းအရ ဒီနှစ်တစ် ကမ္ဘာလုံးမှာ ဘီလီယံနာ ၁,၆၄၅ ဦး ရှိပြီး မနှစ်ကထက် ၂၁၉ ဦး တိုးလာ ပါတယ်။ ဒီနှစ်မှာ Rolls-Royce ကားတွေကို ဝယ်ယူသူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဒီ Brand ကို ခုမှ စတင်အသုံးပြုတဲ့သူတွေဖြစ်ပြီး အဲဒီ ထဲက တစ်ဝက်ဟာ သူတို့ကားတွေကို ဈေးကြီးတဲ့ အစိတ်အပိုင်းတွေ ထပ်မံ ထည့်သွင်းတပ်ဆင်ကြတယ်လို့ သိရ ပါတယ်။
Ref: AP