News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
E-Book ပေါင်း (၄) သန်းကျော်ပါဝင်သော Resource Center အား International Center of Excellence တွင်တည်ထောင်
Editorial
March 21, 2014
Local News
News
ရန်ကုန်တက္ကသိုလ်၊ သိပ္ပံဆောင်ရှိ International Center of Excellence တွင် iGroup မှ CEO ဖြစ်သူ Mr.Pote N.Lee မှ ပံ့ပိုးကူညီမှုဖြင့် Resource Center ကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ထောင်ခဲ့ပါသည်။ အဆိုပါ Resource Center အား Korea International cooperation Agency (KOICA) မှ လှူဒါန်းထားသော IBM Sever ဖြင့်ချိတ်ဆက်ထားသည့် ကွန်ပျူတာ၂၅ လုံးတပ်ဆင်ထားသော ICoE ၏ ကွန်ပျူတာခန်းတွင် တည်ထောင်ထားခြင်းဖြစ်ပါသည်။ အဆိုပါ resource center တွင် Online Data Base (O.D.B) စနစ်ကို အသုံးပြုထားပြီး အဆိုပါစနစ်တွင် စာအုပ်ပေါင်း (e-book) ၂ သန်းကျော်၊ စာတန်းပြုစုထားသူများ အထောက်ကူဖြစ်စေနိုင်သော ပြုစုပြီးနမူနာ စာတန်းပေါင်း ၁ သန်းကျော် နှင့် ရှားပါးစာအုပ်ပေါင်း ၁ သန်းကျော် စုစုပေါင်း ၄ သန်းကျော်ပါဝင်ပါသည်။ အဆိုပါ resource center ဖွင့်ပွဲအခမ်းအနားအား ၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၊ ညနေတွင်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင် ၊ U.S Embassy မှ Deputy Chief of Mission Ms.Virginia Murray၊ USAID မှ Director for Myanmar Mr. Chris Milligan ၊ Johns Hopkins University၊ SAIS ၏ အရှေ့တောင်အာရှရေးရာ Director နှင့် International Center of Excellence ၏ ဥက္ကဌဖြစ်သူ Dr. Karl Jackson၊ ICoE ၏ တွဲဖက်ဥက္ကဌ ဒေါ်ယူဇာမော်ထွန်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်နိုင်ဦး၊ ဒဂုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလှဌေး နှင့် ဒုတိယပါမောက္ခချုပ်များ၊ အမျုးိသားစီမံခန့်ခွဲမှု ကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာသန်းဝင်း၊ မင်္ဂလာမြန်မာမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာဖုန်းဝင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ နိုင်ငံတော်သမ္မတ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်၊ International Center of Excellence ၏ ဥက္ကဌဖြစ်သူ Dr. Karl Jackson၊ U.S Embassy ၏ Deputy Chief of Mission၊ MS. Viginia Murray တို့မှ အသီးသီး အမှာစကားပြာကြားခဲ့ပါတယ်။ ထို့နောက် e-resource center အသုံးပြုပုံကို သရုပ်ပြမှုကို ဧည့်သည် တော်များမှ ကြည့်ရှုလေ့လာခဲ့ကြပါသည်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း