ပန်းချီဆရာ ကောင်းဆုရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲ

သစ်တောပြုန်းတီးမှု နဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု (ဂေဟစနစ်ပျက်စီးမှု) နဲ့ ပက်သက်ပြီး ပန်းချီဆရာ ကောင်းဆုရဲ့ ပန်းချီပြပွဲ ဖွင့်ပွဲကို ရန်ကုန်မြို့၊ မော်တင်ဆိပ်ကမ်းအနီးရှိ TS1 Gallery မှာ ၂၀၁၄ခုနှစ် နိုဝင်ဘာလ၊ ၂၂ရက် က ပြုလုပ်ခဲ့ပါတယ်။ ပြပွဲမှာ ပန်းချီဆရာရဲ့ ကိုယ်ပိုင် အနုပညာပုံစံနဲ့ ပုံဖော်ထားတဲ့ ဂေဟစနစ်ပျက်စီးမှု နဲ့ ပက်သတ်တဲ့ Scarecrow (စာခြောက်ရုပ်) ၊ Renovatio (ပြန်လည်မွေးဖွား၊ အသက်ဝင်ခြင်း) ၊ Extinction’s Residue (မျိုးတုန်း ပျောက်ကွယ်ခြင်းအနယ်) နဲ့ Our Closet (ကျွန်တော်တို့ရဲ့ အနီးစပ်ဆုံး ဘိုးဘေး) ဆိုတဲ့ Series လေးခုကို ပြသထားပါတယ်။ ပြပွဲမှာ ပန်းချီကား၊ ရောနှောမီဒီယာ နဲ့ Installation အားလုံးပေါင်း ၂၇ ချပ်ကို အနုပညာပုံစံသစ်တစ်ခုနဲ့ ပြသထားပါတယ်။ ပြပွဲကို ၂၀၁၄ခုနှစ် နိုဝင်ဘာလ၊ ၂၂ရက်ကစပြီး သုံးပတ်ဆက်တိုက် မနက် ၁၀နာရီခွဲကနေ ည ၆နာရီထိ ပိတ်ရက်မရှိ ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြခန်းမှာ ဒေါ်လာ၃၅၀ ကနေပြီး ၂၆၀၀ ကြားမှာရှိတဲ့ ပန်းချီကားတွေကို ရရှိနိုင်ပါတယ်။ ဒီပြပွဲဟာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး တဲ့တိုး ပြတာမျိုးမဟုတ်ဘဲ Artist ရဲ့ Concept ကို ခံစားလိုသူတွေအနေနဲ့  အနုပညာပုံစံသစ်တစ်ခုကို ခံစားနိုင်ဖို့အတွက် အဓိက ရည်ရွယ်ထားတယ်လို့ပန်းချီဆရာကောင်းဆုက ပြောကြားခဲ့ပါတယ်။ TS1 2 TS1 11TS1 14 TS1 10 TS1 8 TS1 7 TS1 5 TS1 4 TS1 3