ရေးသူ - Benjamin Gomes-Casseres
စာမျက်နှာ - ၃၀၄ မျက်နှာ၊ ကတ်ထူဖုံး
ထုတ်ဝေသူ - Harvard Business Review Press (၄-၈-၁၅)
ISBN-10: 1422163083
ISBN-13: 978-1422163085
ဒီစာအုပ်က ဖက်စပ်လုပ်ငန်းတွေအကြောင်း ဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာ Joint Value ၊ Allliances ၊ Partnership ၊ Acquisitions ၊ Mergers နဲ့ Mergers ဆိုတဲ့ အလုပ်တွေဟာ ကြုံတောင့်ကြုံခဲတွေ မဟုတ်တော့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေရဲ့ အဓိကလုပ်နည်းလုပ်ဟန်တွေဖြစ်နေပါပြီ။ စီးပွားရေးလုပ်ငန်းဆိုင်ရာ မန်နေဂျာတွေဟာ မိမိတို့လုပ်ငန်းအတွက် လိုအပ်တဲ့အရင်းအမြစ်တွေ၊ စွမ်းအားတွေကိုရဖို့ တခြားစီးပွားရေးလုပ်ငန်းနဲ့ ပူးပေါင်းဖို့ကြိုးစားတဲ့အခါ အဲဒီလို ပူးပေါင်းဆောင်ရွက်လိုက်လို့ မိမိတို့မှာ အကျိုးဖြစ်ထွန်းလာနိုင်ပါတယ်ဆိုတဲ့အချက်ကို အသေအချာ သိဖို့လိုတယ်။
တခြားစီးပွားရေးလုပ်ငန်းတွေနဲ့ မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေ ဖက်စပ်တွဲဖက်လုပ်ကိုင်တဲ့အခါ လိုက်နာရမယ်။ သိသင့်သိထိုက်တဲ့အချက်တွေကို အောက်ပါအတိုင်း ဥပဒေသသုံးရပ်အဖြစ် စာချုပ်ထဲမှာ တင်ပြထားတယ်။
ဥပဒေသ ၁။ လုပ်ငန်းနှစ်ရပ် (ကုမ္ပဏီနှစ်ခု) ဖက်စပ်လုပ်ကိုင်လိုက်ရင် ရတဲ့အကျိုးအမြတ်ဟာ မပေါင်းစပ်ခင်က သီးခြားစီလုပ်တုန်းကထက် ပိုမိုရမယ်။
ဥပဒေသ ၂။ ဖက်စပ်အကျိုးအမြတ်တွေရအောင် ဘယ်ပုံဘယ်နည်းဖက်စပ်လုပ်ကိုင်မလဲ။ စီမံခန့်ခွဲမလဲဆိုတာ သိဖို့လိုတယ်။
ဥပဒေသ ၃။ ဖက်စပ်မှာပါဝင်လုပ်ကိုင်ကြတဲ့ ကုမ္ပဏီတွေဟာ မိမိတို့အသီးသီးက ထည့်ဝင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအလိုက် အမြတ်တွေရရမှာဖြစ်တယ်။ ဒီအမြတ်တွေကို လောလောဆယ်မှာရော ရေရှည်မှာပါ ဘယ်လိုခွဲဝေမလဲ။