Regional Bistro Bar

မြန်မာအစားအသောက်ကိုမှ ထူးထူးဆန်းဆန်း အရသာမျိုးစုံနဲ့ ရရှိနိုင်သလို၊ မလေးရှားအစားအစာ၊ ဥရောပအစားအစာတွေအပြင် အဖျော်ယမကာတွေကိုပါ တစ်နေရာတည်းမှာရနိုင်ပြီး ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိတဲ့ အပြင်အဆင်နဲ့အတူ High Speed Wifi ပါရရှိတဲ့ စားသောက်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်မှာ ညစာစားပွဲတွေ၊ မွေးနေ့ပွဲတွေနဲ့ အမှတ်တရပွဲလေးတွေလည်းပြုလုပ်ဖို့ အဆင်ပြေလောက်အောင် နေရာကကျယ်ဝန်းတာကို တွေ့ရပါတယ်။ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောလို့ကောင်းမယ့် နေရာတစ်နေရာလည်း ဖြစ်ပါတယ်။

Regional1

ရရှိနိုင်တဲ့အစားအစာတွေ

-------------------------

Local နဲ့ နိုင်ငံခြားအစားအစာအမျိုးမျိုးကို Fusion လုပ်ထားတဲ့ Menu ၊ Set Menu တွေနဲ့ မြန်မာအစားအစာကို Standard ရှိရှိ ခွဲထွက်ထားတဲ့ ပုံစံမျိုးတွေ ရရှိနိုင်တယ်လို့ သိရပါတယ်။

Lunch Menu တွေမှာဆို မြန်မာအစားအစာတွေအပြင် မလေးရှားအစားအစာ၊ ဥရောပအစားအစာကို မြန်မာမှုပြုထားတဲ့ အစားအသောက်တွေ၊ အသုပ်အမျိုးမျိုး၊ လက်ဖက်ဆိတ်သားထောင်း၊ ထူးဆန်းတဲ့ အရသာတွေနဲ့ ရရှိမယ့် Spaghetti နဲ့ Pasta တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Regional Bistro Bar မှာ ရရှိတဲ့အသားတွေကို Import အသားတွေပဲ အကုန်သုံးထားတယ်လို့ သိရပါတယ်။

Regional4

Drink Menu

-------------

ဆိုင်အတွင်းမှာ ယမကာအမျိုးမျိုး ၊ ဝိုင်အမျိုးမျိုးရရှိနိုင်တဲ့ Bar လည်း ရှိပါတယ်။ ဒါ့အပြင် Burbrit ဘီယာကိုလည်း အရသာမျိုးစုံနဲ့ ရရှိနိုင်ပါတယ်။

ထူးခြားတဲ့အစီအစဉ်တွေ

-------------------------

Moday to Friday မှာ ဘီယာ ၂ ခွက်ဝယ်တိုင်း တစ်ခွက်လက်ဆောင်ပေးမယ့် Happy Hour အစီအစဉ် ရှိပါတယ်။ Daily Deals အနေနဲ့ကတော့ Tuborg (or) Carlsberg Tower တစ်တိုင်ဝယ် တစ်တိုင် Free ၊ ဘီယာငါးပုလင်းဝယ်တိုင်း Regional ရဲ့ ဘယာကြော် (ဒါမှမဟုတ်) အာလူးချောင်းကြော် လက်ဆောင်ပေးခြင်းလို အစီအစဉ်တွေ ရှိပါတယ်။ တခြားရက်တွေမှာလည်း သူ့ရက်အလိုက် Promotion အစီအစဉ်အမျိုးမျိုးရှိတယ်လို့ သိရပါတယ်။ Promotion အသေးစိတ်ကို Regional Bistro Bar Facebook Page မှာ ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

Regional2

လူကြိုက်များတဲ့ အစားအသောက်တွေ

-----------------

ဟင်းပွဲတော်တော်များများကို လူကြိုက်များကြပြီး အဓိကအနေနဲ့တော့ နေရောင်အောက်မှာကင်ထားတဲ့ ဝက်သားကိုမှ Grilled ပြန်လုပ်ပြီး ဆီမပါပဲချက်ထားတဲ့ Regional ဝက်ကင်၊ လက်ဖက်ဆိတ်သားထောင်း၊ ပုစွန်ထောင်း၊ မြန်မာတွေအကြိုက် ပုန်းရည်ကြီး Spaghetti ၊ ငါးသလောက်ဥ Spaghetti နဲ့ ပုစွန်ဆီ Spaghetti တို့က လူကြိုက်များတယ်လို့ သိရပါတယ်။

ဆိုင်ဖွင့်ချိန်

-----------

နေ့စဉ် မနက် ၉ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

Regional3

တည်နေရာ

------------

၄၅၆ A/B ၊ ဆိုင်အမှတ် ၇ ၊ လင့်လမ်းနဲ့ ဓမ္မစေတီလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း- ၀၉၄၂၀၆၀၆၀၀၅

Facebook - @RegionalBistroBar