ဒီလအတွက် Dining Out ကဏ္ဍမှာတော့ အလုပ်တက်ရက်မှာပဲဖြစ်ဖြစ်၊ ပိတ်ရက်တွေမှာပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ သွားလို့ရနိုင်မယ့် အေးဆေးပြီး သက်သောင့်သက်သာ နေရာထိုင်ခင်းနဲ့ R&D Cafe and Restaurant ကို ဖော်ပြပေးလိုက်ပါတယ်။
ဆိုင်ဖွင့်ချိန် . . .
ဆိုင်ကတော့ နေ့စဉ် နံနက် ၇ နာရီကနေ ည ၁၀ နာရီခွဲထိ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးနေပါတယ်။
ရနိုင်မယ့် အစားအစာအမျိုးအစား . . .
Drink နဲ့ပတ်သက်ရင် အမျိုးအစား တော်တော်များများလည်း ရှိပါတယ်။ ကိတ်နဲ့ပတ်သက်ရင်လည်း နိုင်ငံတကာမှာ ခေတ်စားနေတဲ့ Rain Drop Cake အပါအဝင် အရသာရှိ မုန့်တွေလည်း ရပါတယ်။ အစားအသောက်ကတော့ နိုင်ငံတကာမှာလည်း လူကြိုက်များနေတဲ့ လှေပေါ်ခေါက်ဆွဲ၊ ပင်လယ်အိုး၊ 3mix ခေါက်ဆွဲစတာတွေကို ရနိုင်တာကြောင့် စားသုံးသူတွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။
ဈေးနှုန်းနဲ့ အချိန်လိုက်စားသောက်စရာ . . .
Coffee တစ်ခွက်ကို အမျိုးအစားပေါ်မူတည်ပြီးတော့ အနည်းဆုံး ၃,၀၀၀ ကျပ်ကနေ စရှိပါတယ်။ ဟင်းလျာတွေမှာလည်း အမျိုးအစားနဲ့ ပွဲအကြီးအသေးပေါ်မူတည်ပြီးတော့ အနည်း ဆုံး ၄,၀၀၀ ကျပ်ကနေ သောင်းဂဏန်းအထိ ရှိပါတယ်။ Breakfast နဲ့ ပတ်သက်တဲ့ အစားအသောက်တွေ၊ Lunch နဲ့ ပတ်သက်တဲ့အစားအသောက်တွေ၊ Dinner နဲ့ပတ်သက်တဲ့ အစားအသောက်တွေကို အချိန်ပေါ်မူတည်ပြီး စားသုံးသူတွေအတွက် စီစဉ်ပေးထားပါတယ်။ စားသုံးသူဧည့်သည်တွေကို ခေါက်ဆွဲကောင်းကောင်းနဲ့ ဟင်းပွဲကြီးကြီးတွေကို မိသားစုလိုက်ဖြစ်ဖြစ် ၊ အဖွဲ့လိုက်ဖြစ်စေ ၊ သူငယ်ချင်းတွေနဲ့ဘဲဖြစ်ဖြစ် စားသောက်နိုင်အောင်လို့ ရည်ရွယ်ထားတဲ့ဟင်းပွဲတွေ ရနိုင်တယ်လို့ သိရပါတယ်။
ဝန်ဆောင်မှု . . .
စားသုံးသူတွေအတွက် ဝိုင်ဖိုင်အခမဲ့ အသုံးပြုနိုင်တယ်။ နောက်တစ်ခုက ဂျပန်မှာခေတ်စားနေတဲ့ (Face Print) ကော်ဖီအပေါ်မှာ သောက်သုံးသူရဲ့ မျက်နှာပုံစံတူကိုလည်း ပုံဖော်ပေးခြင်းကိုလည်း လုပ်ပေးပါတယ်။ နောက်တစ်ကြိမ် လာရောက်စားသောက်မယ့်သူများအတွက်လည်း ၁၀ ရာခိုင်နှုန်း လျော့ပေးထားတဲ့ Gift ကဒ်ပေးတာမျိုးလည်းရှိပါတယ်။
အနာဂတ်အစီအစဉ် . . .
နောက်ပိုင်းမှာတော့ ပြိုင်ပွဲလေးတွေလုပ်ပြီး ဟင်းတစ်ပွဲတို့ Coffee တို့ လက်ဆောင်ပေးတာမျိုးတွေလည်း လုပ်သွားမှာရှိပါတယ်။ ဟင်းပွဲတွေနဲ့ ပတ်သက်ပြီးလည်း အသစ်အဆန်းတွေ ထပ်ပြီးတိုးချဲ့ပြုလုပ်သွားဖို့လည်း ရှိပါတယ်။
ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်း၊ အီးမေးလ် . . .
R & D Café ဆိုင်က အင်းယားလမ်းနဲ့ ဓမ္မစေတီလမ်းထောင့် အမှတ် ၁၃၅၊ Savoy Hotel အနီးမှာ တည်ရှိပါတယ်။
ဖုန်း - ၀၉ ၄၂၈၂၃၄၅၆၄၊ ၀၁ ၅၁၁၄၁၈
www.facebook.com/ricenoodleofficialpage