ဘာကြောင့် ကိုယ့်အထက်လူကြီးနဲ့ Communication ၊ Relationship ကောင်းရမှာလဲလို့ မေးစရာရှိပါတယ်။ တကယ်တော့ ကိုယ်က သူ့ရဲ့ Support ၊ Encouragement နဲ့ Guidience တွေ လိုချင်လို့ပါ။ ဒါကြောင့် အထက်လူကြီးနဲ့ ကိုယ်နဲ့ကြားမှာ ခိုင်မာတဲ့ Relationship တစ်ခုကို တည်ဆောက်ဖို့လိုပါတယ်။
Boss က ကိုယ့်ကို Workplace Stress တွေ ပေးလို့ရတယ်။ တကယ်မှန်ကန်တဲ့ Stress လား။ ဒါမှမဟုတ် ကိုယ်ထင်တဲ့ Stress လား၊ လုပ်ယူတဲ့ Stress လားဆိုတာ စိစစ်ဖို့လိုပါမယ်။ အလုပ် Pressure များလို့ပေးတဲ့ Stress က လက်ခံလို့ရတယ်။ အထူးသဖြင့် ကိုယ့် Boss နဲ့ ကိုယ်အဆင်မပြေဘူးဆိုရင် ဘယ်အရာမှ မကောင်းတော့ဘူး။ အဲဒီတော့ နံပါတ်တစ် သူနဲ့ အဆင်ပြေဖို့လိုတယ်။ ဒါဆိုရင် Unnecessary Stress မရှိတော့ဘူး။
ဒုတိယအချက်ကတော့ ကုမ္ပဏီမှာ ကိုယ်က နောက်တစ်ဆင့်ကို တက်လှမ်းဖို့အနေနဲ့ Advancement ၊ Promotion အဲဒါတွေအားလုံးက ကိုယ့်ဘာသာကိုယ်လုပ်လို့မရဘူး။ ကိုယ့်အထက်လူကြီးနဲ့ဆိုင်နေတယ်။ တကယ်လို့ ရာထူးတိုးဖို့ရှိမယ်၊ Nominate လုပ်မယ်ဆိုရင် ဌာနတွင်းပဲဖြစ်ဖြစ်၊ ဌာနပြင်ပဲဖြစ်ဖြစ် Performance ကောင်းနေရုံနဲ့မပြည့်စုံပါဘူး။ ဒီလူက Performance ကောင်းတယ်၊ ဘာလို့ Promotion မရတာလဲ။ သူ့ Boss က Recommend မလုပ်လို့။ ဘာကြောင့်မလုပ်လဲ။ Boss နဲ့ ဝန်ထမ်းနဲ့ကြားမှာ ဆက်ဆံရေးအဆင်မပြေဘူးလို့ ဆိုတာမျိုး ရှိတတ်ပါတယ်။
တတိယတစ်ချက်က Boss နဲ့ Relationship ကောင်းတယ်ဆိုတာက ဖြစ်သင့်တဲ့အရာတစ်ခုပါ။ လူတစ်ယောက်ရဲ့ဘဝမှာ အချိန်တော်တော်များများက အလုပ်မှာ ပေးဆပ်နေရတာ။ ရုံးမှာရှိတဲ့အချိန်က ပိုများတဲ့အချိန်မှာ ရုံးမှာ Boss ဆိုရင် သူ့မျက်နှာကိုတွေ့နေရတာ ပိုများတယ်။ အဲဒီအတွက် လုပ်ငန်းခွင်မှာ Enjoyable ဖြစ်ဖို့လိုတယ်။
ပြဿနာသေးသေးလေးဆိုလဲ ချက်ချင်းရှင်းပစ်လိုက်တာမျိုးလုပ်ဖို့ လိုပါတယ်။ ပြဿနာသေးသေးလေးတွေ စုလာရင်၊ မကျေနပ်မှုတွေများလာရင်၊ Boss ဘက်က ဖြစ်ဖြစ် ကိုယ့်ဘက်ကဖြစ်ဖြစ်၊ အဲဒီအခါကျရင် Snow Ball Effect သဘောမျိုးနဲ့ အစိုင်အခဲက ကြီးလာတတ်ပါတယ်။
ကိုယ့်ရဲ့ Career Growth မှာ Boss က Recommend ပေးမှ ကိုယ့်အပေါ်မှာလဲ အဆင်ပြေတယ်။ အဲဒီအတွက် Boss ရဲ့ Goal က ကိုယ့်ရဲ့ Goal နဲ့ Align ဖြစ်နေရမယ်။ Goal က တူညီသလို Objective ကလည်း သူနဲ့ ကိုယ်နဲ့တစ်ထပ်တည်းကျရပါမယ်။
Lines of Communication မှာ Dialogue အရေးကြီးတယ်။ ကိုယ့်ရဲ့အထက်လူကြီးနဲ့ ကိုယ်နဲ့က ဘာပဲလုပ်လုပ် Engage ဖြစ်နေရမယ်။ စကားလည်း ပြောရမယ်။ Dialogue အမြဲရှိနေရပါမယ်။
ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း ကောင်းနေတယ်။ စိတ်ကောင်းရှိတယ်။ အလုပ်မှာတော်တယ်။ Relationship ကို ဂရုစိုက်စရာမလိုဘူးဆိုတာမျိုး လုပ်လို့မရဘူး။ Relationship တစ်ခုကို တည်ဆောက်တဲ့အခါကျရင် Boss နဲ့ ကိုယ်နဲ့ဖြစ်ဖြစ်၊ ကိုယ့် Peer နဲ့ဖြစ်ဖြစ်၊ Behavior ကလည်း ကောင်းရပါမယ်။
ခိုင်မာတဲ့ပေါင်းသင်းဆက်ဆံရေးဆိုတာက အပြန်အလှန်ထားရှိတဲ့ ယုံကြည်မှုပေါ်မှာ အခြေခံကြပါတယ်။ Boss က ကိုယ့်ကိုမယုံရင် အဆင်မပြေသလို ကိုယ်က သူ့ကိုမယုံရင်လည်း အဆင်ပြေမှာမဟုတ်ပါဘူး။ သူနဲ့ကိုယ့်ကြား Trust လေးတစ်ခုတည်ဆောက်နိုင်မှ အတူတူအလုပ်လုပ်လို့ရတာ။ Trust မရှိရင် ဘာမှအလုပ်မဖြစ်တော့ပါဘူး။
Trust ရှိသွားရင် Nature လေးတစ်ခု တည်ဆောက်နိုင်ပြီး Boss နဲ့ Employee နဲ့ Dynamic ဖြစ်သွားပါတယ်။ အဲဒီအခါ Relationship လည်း ကောင်းသွားတယ်ဆိုတော့ သူကတွန်းအားလေးတစ်ခု ဖန်တီးပြီးတော့ ပိုတိုးတက်ဖို့အတွက် ရုန်းကန်ဖို့ပဲ လိုပါတော့တယ်။
တချို့ကျတော့လည်း Boss ကိုကြည့်ပြီးတော့ အားကျတယ် စိတ်ဝင်စားရာကတစ်ဆင့် ငါဘာကြောင့် သူ့လိုမဖြစ်တာလဲဆိုတဲ့ စိတ်ဖြစ်လာပြီး Jealousy ဝင်လာတယ်။ ကိုယ့်ရဲ့အလုပ်မှာ၊ ပန်းတိုင်သွားတဲ့လမ်းမှာ ကိုယ့် Boss က ကိုယ့်ရဲ့ Destiny ကို Control လုပ်နေတာကို လက်ခံပေးပါ။ ဒီ Industry ၊ ဒီကုမ္ပဏီမှာ လုပ်နေသမျှ ကာလပတ်လုံးသူတို့မှာ Influence ရှိတယ်။ သူတို့မှာ Control ရှိတယ်။ အဲဒီ Control လေးကို မေ့မသွားနဲ့။ ဒါဆိုရင် အဆင်ပြေသွားပါမယ်။
Boss ကို ချစ်စရာလိုလားလို့ မေးလာစရာရှိပါတယ်။ သူနဲ့အလုပ်လုပ်တဲ့အခါမှာ အဆင်ပြေနေဖို့ပဲ လိုပါတယ်။ ချစ်စရာလည်း မလိုဘူး။ မုန်းစရာလည်း မလိုဘူး။ အလုပ်တွေမှာ ဝန်ထမ်းတွေတော်တော်များများ အလုပ်ကထွက်ရတဲ့အကြောင်းက ကုမ္ပဏီကို မုန်းလို့မဟုတ်ဘူး။ အလုပ်ကို မုန်းလို့မဟုတ်ဘူး။ Boss နဲ့ မတည့်လို့။ အဲဒီမှာ Relationship က အရမ်းအရေးကြီးတယ်။ Boss နဲ့ ကိုယ်နဲ့က Relationship ပြဿနာတက်နေတယ်။ အဆင်မပြေဘူးဆိုရင် ဖြစ်သမျအရာအားလုံးက အပေါင်းဖြစ်ဖို့ထက် အနှုတ်ဖြစ်ဖို့များတယ်။ ကိုယ့်ရဲ့ Morality ကအစ ကျသွားတယ်။ ရုံးလာရတာ မပျော်တော့ဘူး။ လုပ်ချင်ကိုင်ချင်စိတ်ကလည်း မရှိတော့ဘူး။ အဲဒီမှာ Productivity က ကျနေပြီ။
Positive Relationship က ခုနကပြောတဲ့ အရာအားလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။ Positive Relationship ကတော့ ရှိသင့်တယ်။ Positive Relationship ရှိသွားတဲ့အခါကျရင် ယုံကြည်မှုလဲပိုများတယ်။
နောက်တစ်ခုက ကိုယ်ချင်းစာစိတ်ရှိဖို့ လိုပါတယ်။ Boss ကို ကိုယ်ချင်းစာပေးတာ။ ကိုယ်ချင်းစာတရားရှိရင် ဘယ်နေရာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် အဆင်ပြေပါတယ်။ Issue တစ်ခုယူပြီး Boss ဆီကို သွားတယ်။ သွားတဲ့အခါကျရင် သူကိုယ့်ကို ဘာများမေးလာနိုင်မလဲဆိုတာ ကြိုတင်စဉ်းစားပြင်ဆင်သွားဖို့ ကောင်းပါတယ်။ အဲဒီလိုပြင်ဆင်သွားတဲ့ ပညာတတ်တဲ့အခါကျရင် သူမေးလိုက်တဲ့အချိန်မှာ အဖြေရှိတယ်။ အဲဒီ Information တွေကလည်း ရိုးရိုး Information မဟုတ်ဘူး။ Factual ဖြစ်တဲ့ သတင်းအချက်အလက်ကို ကိုယ်ကစုတတ်တယ်။ သူမေးလာရင် ကိုယ်က မေးလာတဲ့မေးခွန်းတွေကို ပြန်ဖြေပေးတယ်။ ကိုယ့်အကြံကိုတောင်းရင် အဆင်သင့်ပြန်ဖြေပေးနိုင်တဲ့အခါ ကိုယ့်ရဲ့ Impression ပါ တက်လာတယ်။ Boss ဆီသွားတဲ့အခါ Boss ဆိုတာ ကိုယ့်ပြဿနာတွေ အကုန်လုံးကို ဖြေရှင်းပေးတဲ့သူဆိုတဲ့စိတ်ကို ထားလို့မရပါဘူး။ Boss ကို ကိုယ်က နားလည်ပေးရမယ်။ အဲလိုလေးလုပ်တဲ့အခါကျရင် Boss နဲ့ ကိုယ်နဲ့ Relationship က တော်တော်ကောင်းလာတယ်။ Boss ကလည်း ကိုယ့်ကိုအားကိုးလာတယ်။ သူခိုင်းလိုက်ရင် ကိုယ်က Information အပြည့်အစုံယူလာတယ်။ သူနဲ့ ပြန်ဆွေးနွေးနိုင်တယ်။ Boss နောက်မှာလည်း ဒီအလုပ်ပြီးရင်နောက် Target ၊ Timeline ၊ Project တွေရှိနေတာကို ကိုယ်က နားလည်ပြီးလိုသလို Update လုပ်ပေးတဲ့အခါကျရင် Boss ကလည်း Appreciate ဖြစ်တယ်။
Boss တွေက Employee တွေ Yes တစ်မျိုးပဲ ပြောတာမကြိုက်ပါဘူး။ အဲဒီတော့ Speak up ဆိုတာ လိုတယ်။ သူမှားတဲ့အခါကျရင် သူ့ကိုထောက်ပြရတယ်။ Try ကြည့်ပါ။ ဒီလူကတကယ်ကို Value Add လုပ်တတ်တယ်။ မှန်ကန်တဲ့အချက်တွေပြောတယ်။ Team အတွက် တန်ဖိုးရှိတယ်။ ကုမ္ပဏီအတွက်လည်း တန်ဖိုးရှိတယ်ဆိုတာသိရင် ကြာလာတော့ Boss က ကိုယ့်အပေါ်မှာ Confidence ရှိလာတယ်။ ပထမက Relationship ၊ Communication ကနေ Trust ၊ ပြီးရင် Confidence ဖြစ်လာတယ်။ Confidence တစ်ခုရသွားရင်၊ Trust Level တစ်ခုရသွားရင် Boss က ကိုယ့်ကို ဒုက္ခမပေးတော့ပါဘူး။
နောက်တစ်ခုက Boss နဲ့ Relationship ကောင်းဖို့ အားထုတ်ပါ။ ဒါပေမဲ့ ပုံမှန်ဟုတ်တဲ့ Relationship မျိုး မဖြစ်ပါစေနဲ့ အများအမြင်မှာ Weird ဖြစ်တဲ့ Relationship ကို မတည်ဆောက်ပါနဲ့။ Boss နဲ့ ကိုယ်နဲ့ဆက်ဆံရေးက အများအမြင်မှာ သန့်ရှင်းပါစေ။ Do remember that he still is your boss. Boss မှာ Authority အမြဲတမ်းရှိတယ်ဆိုတာကိုလည်း သတိရပါ။ Boss နဲ့ ပတ်သက်ပြီးတော့လည်း အလုပ်ကအလုပ်၊ အပြင်က အပြင်၊ ပြောတဲ့စကားကိုလည်းဆင်ခြင်၊ အရိုအသေပေးရမယ့်အချိန် အရိုအသေလဲပေးရပါမယ်။
ကိုယ်နဲ့ Boss နဲ့ Relationship ကောင်းလာတဲ့အခါကျရင် တခြား Employee တွေ၊ Co-worker တွေကိုလည်း Boss နဲ့အဆင်ပြေအောင် ဖန်တီးပေးပါ။ အဲဒီအခါ သူတို့က ကိုယ့်အပေါ်မှာလဲ Jealousy မဝင်တော့ဘူး။ သူတို့ကိုလည်း Fair Chance ပေးပြီး inclusive လုပ်ပြီး သူတို့ကိုလည်း နေရာပေးဆွဲသွင်းပါ။
Social Media မှာ ပေါက်ကွဲတတ်တာမျိုး မလုပ်ပါနဲ့။ Twitter တို့၊ Facebook တို့မှာ ကိုယ်တင်တာကို တစ်ယောက်ယောက်ကမြင်ပြီး Boss ကို ပြန်သွားပြောရင် မကောင်းပါဘူး။ တချို့ကျတော့ အရမ်းသိုသိပ်လွန်းတယ်။ ဘာမှမတင်ဘူး။ သူများတွေကိုပဲကြည့်နေတယ်။ အဲဒါကျရင်လဲမကောင်းပြန်ဘူး။ Social Media မှာ တင်သင့်တာလဲတင်၊ မတင်သင့်တာလဲ မတင်နဲ့။ ဒါပေမယ့် Work Relationship တွေနဲ့ ပတ်သက်လာရင်တော့ Social Media နဲ့ပတ်သက်ပြီးတော့ အကောင်းဘက်ကမြင်ပြီး တင်ရင်တော့ ပိုကောင်းပါတယ်။
Personal နဲ့ Professional နဲ့ မရောပါနဲ့။ ရုံးမှာနေနေ၊ အိမ်မှာနေနေ Personal နဲ့ Professional နဲ့ ကွဲပါစေ။
Gossip မလုပ်ပါနဲ့။ Openly Communicate လုပ်ပါ။ ပွင့်ပွင့်လင်းလင်း ထုတ်ပြောတာပိုကောင်းတယ်။
ကိုယ့်အထက်လူကြီးနဲ့ ရင်းနှီးမှုကိုလည်း အခွင့်အရေးမယူပါနဲ့။ သူ့ကိုကိုယ်ချင်းစာပေးတတ်ဖို့ လိုပါတယ်။
အထက်မှာပြောပြခဲ့တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို တတ်နိုင်သလောက်ကျင့်သုံးပြီး ဘယ်လိုကိစ္စမျိုး၊ ပြဿနာမျိုးကိုမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးတိုင်ပင်ပြီး လုပ်သွားမယ်ဆိုရင်တော့ ကိုယ့်အထက်လူကြီးနဲ့ ကိုယ်နဲ့ကြားမှာ ဆက်ဆံရေးက တိုးတက်ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။
ဦးမျိုးသန်း Director of Human Resources, edotco Myanmar Limited