Q & A

qna ကိုယ့်ရဲ့ Section မှာ ကိုယ်က အုပ်ချုပ်သူဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အောက်ကသူက နေရာယူချင်တယ်။ သူ့ကို နေရာပေးပြန်တော့လည်း ရောင့်တက်တယ်။ ကိုယ့်ကို ကျော်ပြီးလုပ်ချင်တယ်။ (ကြုံရင်ကြုံသလို အထက်လူကြီးကို သွားတိုင်တတ်တယ်) သူ့ကို ဘယ်လိုကိုင်တွယ်ချုပ်ကိုင်ရင် ကောင်းမလဲပြောပေးပါ။ မေးခွန်းရှင်ရဲ့ မေးခွန်းရှည်ကြီးကို ဖတ်ရတာကိုက ရိုးအီပြီး သိနေကျဇာတ်လမ်းတစ်ပုဒ်ကို ဖတ်နေရသလိုပါပဲ။ ဒါမျိုးတွေက အတော်များများနေရာတွေမှာ ရှိနေသဗျ။ ရှိနေတဲ့နေရာတွေကိုကြည့်ပြန်တော့လည်း အလွန်ညံ့ဖျင်းတဲ့ Management ကို ကိုင်တွယ်လုပ်ဆောင်နေတဲ့ လူကြီးတွေရဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ ဖြစ်နေပြန်တယ်။ 'ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး' လို့ပဲ ပြောပါရစေ။ တကယ်တော့ အထက် အုပ်ချုပ်စီမံတဲ့ လူကြီးတွေက ဒါတွေကို သိနေရမှာပဲလေ။ သူတို့ ချေဖျက်ပေးနိုင်ရမှာပေါ့။ သူ့ကို ဘယ်လိုကိုင်တွယ်အုပ်ချုပ်ရင် ကောင်းမလဲ''လို့ မေးတယ်နော်။ ဆရာ၊ 'ဘေးထွက်စဉ်းစား' (Lateral Thinking) ပြီး ဖြေမယ်နော်။ (ကြိုက်မကြိုက်တော့ မသိဘူး)။ (၁) သူ့ကိုခေါ် ဗြောင်ကျကျ ဆွေးနွေးပါ။ (၂) အထက်လူကြီးကို အကျိုးအကြောင်း အဆိုးအကောင်း စုံလင်စွာနှင့် တင်ပြပါ။ (၃) အပေါ်က (၁) နှင့် (၂) လုပ်၍မှ မရလျှင် အဲဒီ အလုပ်က မြန်မြန်ထွက်ပါ။ အတော်ကို ညံ့ဖျင်းတဲ့ စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့နေရာတစ်ခုကို ကျောခိုင်းတယ်လို့ပဲ မှတ်ပါ။ ကံကောင်းတယ်လို့လည်း မှတ်ပါ။ (ထပ်ပြောပါရစေ။ အဲဒီအဖြေကို ဆရာ Rational Thinking နဲ့မဟုတ်ဘဲ Lateral Thinking နဲ့ ဖြေခြင်း ဖြစ်ပါတယ်။)