News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
၂၀၁၅ ခုနှစ်မှာ တစ်ခုတည်းသောအာဆီယံဈေးကွက်ပေါ်ပေါက်ဖို့ ရည်းမှန်းချက်အပေါ် အမေရိကန်ကုမ္ပဏီ တွေက သံသယရှိ
Editorial
October 21, 2013
Asean News
News
အာဆီယံနိုင်ငံတွေမှာ လုပ်ငန်းလည်ပတ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေဟာ ၂၀၁၅ ခုနှစ်မှာ တစ်ခုတည်းသော အာဆီ ယံဈေးကွက်ပေါ်ပေါက်လာဖို့ ရည်မှန်းချက်ပြည့်မီနိုင်ဖို့ အလားအလာအပေါ်မှာ သံသယရှိနေတယ်လို့ အမေရိကန် ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုက ဆိုပါတယ်။ အဖွဲ့ဝင်နိုင်ငံပေါင်းဆယ်နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံဟာ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) လို့ ခေါ်တဲ့ ဒေသတွင်းတစ်ခုတည်းသော စီးပွားရေးဈေးကွက်ကို ၂၀၁၅ ခုနှစ်မှာ အကောင်အထည်ဖော်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ US Chamber of Commerce နဲ့ စင်ကာပူအခြေစိုက် American Chamber of Commerce တို့ ပူးပေါင်းပြီး အာဆီယံဒေသတွင်းက အကြီးတန်းအမေရိကန် အလုပ်အမှုဆောင် အရာရှိ ၄၇၅ ယောက်ကို လေ့လာဆန်းစစ်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ မှာ ၅၂ ရာခိုင်နှုန်းက အာဆီယံရဲ့ ၂၀၁၅ ခုနှစ် ရည်မှန်းချက် ပြည့်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီသံသယရှိတဲ့ လူတွေထဲက ၆၀ ရာခိုင်နှုန်းနီးပါးလောက်က AEC အကောင်အထည်ပေါ်ဖို့ ရည်မှန်းချက်ဟာ ၂၀၂၀ ပြည့်နှစ်အထိ၊ ဒါမှမဟုတ် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းလောက်အထိ အကောင်အထည်ပေါ်ဦးမှာ မဟုတ်ဘူးလို့ ယူဆကြပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ အမှုဆောင်အရာရှိတွေအားလုံးထဲက ၂၃ ရာခိုင်နှုန်းကပဲ အာဆီယံရဲ့ ၂၀၁၅ ခုနှစ် ရည်မှန်းချက် ပြည့်ဝမယ်လို့ ယုံကြည်ကြပါတယ်။
သံသယတွေ ရှိနေပေမဲ့ အာဆီယံဒေသရဲ့ စီးပွားတိုးတက်မှု အလားအလာတွေနဲ့ပတ်သက်ပြီး အမေရိကန်ကုမ္ပဏီတွေက ယေဘုယျ အားဖြင့်တော့ အကောင်းမြင်ကြပြီး အာဆီယံဒေသမှာ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ တိုးတက်လာခဲ့ပါတယ်။ နောက်ငါးနှစ်အတွင်းမှာ ထပ်ပြီးတိုးတက်လာလိမ့်မယ်လို့ ဆိုပါတယ်။
Ref: CNA
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း