Prudence Foundation နှင့် National Geographic Channel တို့ပူးပေါင်းပြုလုပ်တဲ့ သဘဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း နှင့် အသိပညာပေးခြင်း အစီအစဉ် : SAFE STEPS

  Prudence ဖောင်ဒေးရှင်း နှင့် National Geographic ရုပ်သံလှိုင်းတို့ပူးပေါင်း၍ SAFE STEPS အမည်ဖြင့် သဘဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း နှင့် အသိပညာပေးခြင်း အစီအစဉ်ကို နိုင်ငံတကာ လက်ဝှေ့ကျော် မန်နီ ပက်ကွီအို (Manny Pacquiao) အားသံတမန်ကိုယ်စားလှယ်အဖြစ် ခန့်အပ်၍အာရှဒေသတွင် စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ article landscape wartermark final   Prudential Corporation Asia ၏ ဒေသတွင်းအလှူငွေကြေး များထောက်ပံ့ပေးရေးဆိုင်ရာ ရုံးခွဲဖြစ်သော Prudence Foundation သည် SAFE STEPS ကို ထုတ်လွှင့် ရန်အတွက် နိုင်ငံတကာ လက်ဝှေ့ချန်ပီယံနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူ Mr Manny Pacquio၊ FOX International Channels (FIC) အသံလွှင့်ကွန်ယက်မှာ လိုင်းခွဲတစ်ခုဖြစ်သာ National Geographic Channel တို့နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း မေလ ၂၂ ရက်နေ့က ကြေညာခဲ့ပါသည်။ SAFE STEPS သည် ဘေးန္တရာယ် ကြိုတင်ပြင် ဆင်မှု နှင့် အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်များအား ဘေးကင်းလုံခြုံစွာဖြင့် ရင် ဆိုင်ကျော်လွှားနိုင်ရေးနည်းလမ်းများကို အာရှတခွင်တွင် ဖြန့်ဖြူးမျှဝေပေးမည့် ပထမဦးဆုံးသော ပြည့်သူ့လူထုပညာပေး အစီအစဉ်တစ်ခုလာပါလိမ့်မည်။ ကမ္ဘာတစ်လွှား အာရှပစိဖိတ်ဒေသသည် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုနှင့် ထိခိုက်မှုနှုန်းအမြင့်မား ဆုံးဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်အတွင်းဖြစ်ပွားခဲ့သော ကမ္ဘာပေါ်ရှိသဘာဝဘေး အန္တရာယ်များ၏ (၇၅) ရာခိုင်နှုန်းသည် အာရှပစိဖိတ်ဒေသတွင် ဖြစ်ပေါ်ခဲ့ပြီး လူ့အသက်ပေါင်း နှစ်သန်းနီးပါးအထိ ဆုံးရှုံးခဲ့ရကြောင်းသိရပါသည်။ SAFE STEPS သည် သဘာဝဘေးအန္တရာယ်အား ကြိုတင်ပြင်ဆင်ရင်ဆိုင်ရေးအတွက် ကာလရှည်ပြုလုပ်မည့် အသိပညာပေးအစီအစဉ်တစ်ခုဖြစ်ပြီး လေလှိုင်းပေါ်တွင် အသိပညာပေးဗီဒိယိုများ ထုတ်လွှင့်ခြင်း၊ အသိပညာပေး website ဖွင့်လှစ်ထားခြင်း နှင့် ရပ်ရွာအခြေပြုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် အသိပညာများပံ့ပိုးပေး ခြင်း အစရှိသည့် နည်းလမ်းပေါင်းစုံကို အသုံးချထားပြီး အဓိက အစီအစဉ်သည် FIC နှင့် National Geographic သတင်းရုပ်သံလှိုင်း မှ ရိုက်ကူးထုတ်လုပ်သည့် စက္ကန့် ၆၀ စီကြာမြင့်သော ပညာပေး ဗီဒီယိုအပိုင်း များဖြစ်ကြောင်းသိရပါသည်။ ထိုဗီဒီယိုမာျးတွင် SAFE STEPS သံတမန် ကိုယ်စားလှယ် Mr Paccquio က သဘာဝဘေးအန္တရာယ်ကျရောက်ချန်တွင် အိမ်ထောင်စုများအတွက်သော်လည်းကောင်း၊ လူတစ်ဦးချင်းစီအတွက်သော်လည်းကောင်း ဘေးကင်းလုံခြုံစွာဖြင့် အန္တရာယ်ကို ကျော်လွှားနိုင်မည့် လုပ်ဆောင်ပုံ အဆင့်ဆင့်ကို အကြံပြု ပြောကြားထားမည်ဖြစ်ပါသည်။ Prudence Foundation ၏ ဥက္ကဌ နှင့် Prudential Corporation Asia ၏ အလုပ်အမှုဆောင်ချုပ်ဖြစ်သူ Mr. Barry Stowe က “သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်းနဲ့ပြန်လည်ထူထောင်ပေးရေး လုပ် ငန်းဟာ Prudence Foundation အဓိကထားဆောင်ရွက်နေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံတဲ့ ရပ်ရွာများ တည်ဆောက်ရာတွင် အရေးပါလှတဲ့ ခြေလှမ်းတစ် လှမ်းဖြစ်တဲ့ SAFE STEPS အစီအစဉ်ကို စတင်နိုင်တဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ သဘာဝဘေးအန္တရာယ်လျှော့ ချရေးနဲ့ ဘေးအန္တရာယ်များကို ရင်ဆိုင်တုန့်ပြန်ရာမှာ ရပ်ရွာများ အဆင်သင့်ဖြစ်မှု တိုးတက်မြင့်မားလာစေရေး လုပ်ဆောင်ချက်များကို အာရှဒေသရှိ အစိုးရများမှ အဓိကထား ဦးစားပေးဆောင်ရွက်နေကြပါတယ်။ SAFE STEPS ဟာဆိုလျှင် သဘာဝဘေးအန္တရာယ်ကျရောက်စဉ်အတွင်း လူသားတို့အတွက် မသေချာမရေရာဖြစ်နေ တဲ့ အခြေအနေများကို ကူညီဖြေရှင်းပေးနိုင်တဲ့ အသက်အာမခံချက်တစ်ခုဖြစ်တဲ့အလျောက် အရေးတကြီးလို အပ်ချက်များကိုလည်း ဖြေရှင်းပေးနိုင်မဲ့အရာတစ်ခု ဖြစ်နိုင်မယ်လို့ လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကြိုတင်ပြင်ဆင်မှုရှိခြင်းဟာ သဘာဝဘေးအန္တရာယ်အား ရင်ဆိုင်ကျော်လွှားရန်အတွက် အရေးကြီးဆုံးပဏာမ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ မိမိကိုယ်ကို မည်သို့မည်ပုံ ကာကွယ်ရ မယ်ဆိုတဲ့ အသိပညာကို လူအများသိရှိဖို့ လွန်စွာအရေးကြီးပါတယ်” ဟု ပြောကြားခဲ့ပါသည်။ “ SAFE STEPS အစီအစဉ်အတွက် Prudence Foundation ၊ National Geographic သတင်းရုပ်သံလှိုင်းတို့နဲ့ ပူးပေါင်းလုပ်ဆောင်ရာတာကို ပျော်ရွှင်ကျေနပ်မိပါတယ်။ ဒါ့အပြင် SAFE STEPS သံတမန်ဖြစ်ရတာကိုလည်း ဂုဏ်ယူပါတယ်။ အစီအစဉ်ကို ကျွန်တော့်ကိုလာပြောတော့ တော်တော်လေးစိတ်ဝင်စားပြီး လုပ်ချင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တက်ခ်လိုဘန် (Tacloban) မှာတိုက်ခတ်ခဲ့တဲ့ ရိုလန်ဒါ (Yolanda) လေမုန်တိုင်း ကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အပျက်အစီးများကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီး ကျွန်တော်ယုံကြည်လာတာကတော့ SAFE STEPS ဟာ ဖိလစ်ပိုင်နိုင်ငံတွင်သာမက အာရှတခွင်မှာရှိတဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မဲ့အရေး လှုပ်ရှားမှုတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ ဒီလို ကြိုတင်ပြင်ဆင်မှုနည်းလမ်းတွေရဲ့ အကူအညီတွေနဲ့ ကျွန်တော်တို့အားလုံး သဘာဝဘေးအန္တရာယ်တွေကို ကျော်လွှားပြီး အသက်ဆက်လက်ရှင်သန်နိုင်ကြမှာပါ'' ဟု သံတမန်ကိုယ် စားလှယ် အဖြစ်တာဝန်ယူထားသူ Mr. Pacquiao က SAFE STEPS တွင်သူ ပါဝင်လှုပ်ရှားရသော အခန်း ကဏ္ဍ နှင့်ပတ်သက်၍ မှတ်ချက်ပေးပြောကြားခဲ့ပါသည်။ “Manny ဟာ သဘာဝက ရွေးချယ်ပေးထားတဲ့ SAFE STEPS အတွက် သံတမန်ကိုယ်စားလှယ်တစ်ယောက်ဖြစ် ပါတယ်။ သူဟာ ဘေးအန္တရာယ်မှ လွတ်မြောက်ပြီး အသက်ဆက်ရှင်နေသူ တစ်ယောက်ဖြစ်တဲ့အလျောက် ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားလေ့ရှိတဲ့ သဘာ၀ ဘေးအန္တရာယ်များရဲ့ အကျိုးသက်ရောက်မှုများကို လက်တွေ့နားလည်သဘောပေါက်ထားသူ တစ်ဦးလည်းဖြစ်ပါတယ်။ လူမှုရေးလုပ်ငန်းများကို တက်ကြွစွာ လုပ် ဆောင်နေသောသူ တစ်ယောက်၊ လေးစားအားကျဖွယ်ရာ ပဂ္ဂိုလ်တစ်ဦးလို့ ဆိုလည်း မမှားပါဘူး။ Manny က အစီအစဉ်နဲ့ သူ့ရဲ့အချိန်တွေကို ဒီလိုတန်ဖိုးရှိတဲ့ အရာတခုအတွက် ပေးလှူမယ် ဆိုတာရယ်၊ သူနဲ့ National Geographic Channel က  အစီအစဉ်ကို ကူညီပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့” ဟု Prudence Foundation ၏ အလုပ်အမှုဆောင် ဒါရိုက်တာ Marc Fancy  ကဆိုပါသည်။ တိုင်ဖွန်းမုန်တိုင်းများ၊ ငလျင်များ၊ ရေကြီးမှုများနှင့် မီးလောင်မှုများ အစရှိသည့် အာရှဒေသတွင်းအများဆုံး ဖြစ်လေ့ဖြစ်ထရှိသော ဘေးအန္တရာယ် အခြေအနေများကို ရင်ဆိုင်ဖြေရှင်းရန် SAFE STEPS သည် ဘေးအန္တ ရာယ်ကျော်လွှားရေး အဆင့်ဆင့်လုပ်ဆောင်မှုများနှင့် အသက်အန္တရာယ် ကာကွယ်ရေး အရေးပေါ်အသုံးအ ဆောင်ပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်မှုဆိုင်ရာနည်းလမ်းများကို ပဏာမ ဦးစားပေး ဆောင်ရွက်မည်ဖြစ်ပါသည်။ တိုင်ဖွန်းမုန်တိုင်းနှင့် ငလျင်တို့အကြောင်း ရိုက်ကူးထားသော ဗီဒီယိုများကို ၂၃ ရက် မေလ ၂၀၁၄ မှစ၍ FIC ရုပ်သံလွှင့်ကွန်ယက်မှ လွှင့်သော National Geographic Channel, Nat Geo Wild, Nat Geo People, FOX, FOX Crime, FOX Movies Premium, FOX Sports, FX, Star Movies, Star Chinese Movies, Star Sports, Star World, Channel V အစရှိသည့်ရုပ်သံလှိုင်း ၁၃ ခုတွင် အာရှတလွှား ထုတ်လွင့်ပြသမည်ဖြစ်ပြီး အိမ်ပေါင်း ၂၄ သန်းကျော်ရှိ ရုပ်မြင်သံကြားပရိတ်သတ်များထံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ ကန်တိုးနိ(စ်) (ဟောင်ကောင်)၊ မန်ဒရင်း (တရုတ်ပြည်မကြီး)၊ အင်ဒိုနီးရှား ဘဟာဆာ၊ မလေးရှား ဘဟာဆာ၊ တဂလော့(ခ်) (ဖိလစ်ပိုင်)၊ ထိုင်း၊ ဗီယက်နမ် နှင့် ခမာ (ကမ္ဘောဒီးယား) အစရှိသည့် ဒေသဘာသာစကား (၈) မျိုးကို ထုတ်လွှင့်ပြသမည့် ဗီဒီယိုများတွင် အသုံးပြုမည်ဖြစ်ကြောင်းလည်း သိရပါသည်။ “SAFE STEPS ဟာ လေးစားအားကျဖို့ကောင်းတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော် တို့ကလည်း National Geographic Channel နဲ့ FIC အသံလွှင့်ကွန်ယက် အနေနဲ့အစီအစဉ်ကို အပြည့်အ၀ ထောက်ပံ့ပေးရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ National Geographic Channel ဟာဆိုရင် သစ်လွင်ဆန်းသစ်မှုနှင့်အတူ စိတ်ဝင်စားဖွယ်ကောင်းသော ပညာပေးအကြောင်းအရာများကို ထည့်သွင်းကာ ရုပ်သံကြည့်သူများကို ကျွန်တော်တို့ကမ္ဘာမြေကြီးအား ဂရုတစိုက်နဲ့ ထိမ်းသိမ်းဖို့ လှုံ့ဆော်တဲ့ ခံယူချက် ရှိတဲ့ရုပ်သံလှိုင်းတစ်ခုအနေနဲ့ နာမည်ကြီးပါတယ်။ National Geographic Channel ရဲ့ နာမည်ဂုဏ်သတင်း၊ ပညာပေးလုပ်ငန်းများအပေါ် အထူးအလေးပေးလုပ်ဆောင်မှုတွေနဲ့ ၎င်းနဲ့ပူးတွဲလုပ်ဆောင်မယ့် FIC ဟာ အာရှအတွင်း အကြီးဆုံးသော ရုပ်သံထုတ်လွှင့်ကွန်ယက်ဖြစ်တဲ့အတွက် အာရှဒေသမှာရှိ တဲ့ သန်းပေါင်းများစွာ သော ပြည်သူလူထုဆီသို့ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ အသိများ ရောက်ရှိအောင် ကျွန်တော်တို့ တွေ အကောင်အထည်ဖော်လုပ်ဆောင်ဖို့ မျှော်လင့်ထားကြပါတယ်” ဟုု FOX International Channels အာရှ ၏ အကြောင်းအရာနှင့် ဆက်သွယ်ရေးဆိုင်ရာ အလုပ်အမှုဆောင် ဒုတိယဥက္ကဌ Mr. Joon Lee  ကပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် အဓိကရုပ်သံကွန်ယက် မှ ပြည်သူ့ဝန်ဆောင်မှုကြေညာချက်အဖြစ် (Public Service announcements (PSAs)) SAFE STEPS ပြည်သူ့ပညာပေးအစီအစဉ်များကို  မူပိုင်ခွင့်အနေဖြင့် ထုတ်လွှင့်သွား မည်ဖြစ်ပြီး အစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးရုံး နှင့် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် စီမံခန့်ခွဲရေး ကောင်စီမှတဆင့် SAFE STEPS ရုပ်မြင်သံကြားအစီအစဉ်ကို ယူကာအ သုံးပြုမည်ဖြစ်ကြောင်း၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စီစစ်ရေးဘုတ်အဖွဲ့မှလည်း ထိုပြည်သူ့ပညာပေးအစီအစဉ်များကို နိုင်ငံတဝှမ်းရှိ ရုပ်ရှင်များတွင် ပြသသွားမည်ဖြစ်ကြောင်း သိရပါသည်။ ပညာပေး ဗီဒီယိုများကို SAFE STEPS website (www.safesteps.com) ပေါ်တွင်တင်ပေးထားကြောင်း၊ website ကြည့်ရှုသူအနေဖြင့် ထပ်လောင်းဖြည့်စွက်ထားသော ဘေးအန္တရာယ်ကျော်လွှားရေး နည်းလမ်း များ  နှင့် ရုပ်စုံလက်ကမ်းစာလွှာများနှင့် ပိုစတာများ အစရှိသည့်ဆက်စပ်ပညာပေး အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် အချက်အလက်မှတ်တမ်းမှတ်ရာများကို လွယ်လွယ်ကူကူဖြင့် ပြန်မှတ်မိနိုင်ရန် အတွက် download ပြုလုပ်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရပါသည်။ တီဗီ၊ website နှင့် ပညာပေး အချက်အလက်ကုန်ကြမ်းများမှတဆင့် SAFE STEPS သည် အရေးကြီးသော အသက်အန္တရာယ် ကာကွယ်ရေး သတင်းအချက်အလက်များကို အာရှတိုက်တွင်နေထိုင်သော လူပေါင်းများစွာဆီသို့ ရောက်ရှိနိုင်ရန် ရည်ရွယ်၍ ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း သိရပါသည်။ SAFE STEPS မှထုတ်လွှင့်မည့်ဗီဒီယိုများနှင့် website တို့တွင် အကြံပြုထားသည့် ဘေးအန္တရာယ်ကျော် လွှားနိုင်စေရေး နည်းလမ်းများကို International Federation of Red Cross နှင့် Red Crescent Societies မှ အတည်ပြုချက်ပေးပြီးဖြစ်ကြောင်းလည်း သိရပါသည်။ Prudence Foundation သည် ဗီဒီယိုများကို လေလှိုင်းပေါ်မှ ထုတ်လွှင့်ပြသပေးမည့်အပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍လည်း SAFE STEPS ၏ ပညာပေးသတင်းအချက်အလက် ကုန်ကြမ်းများကို လက်ရှိဖော်ဆောင်နေသော ဘေးအန္တရာယ်လျော့ချရေး အစီအစဉ်များမှ တဆင့် ဒေသတဝှမ်း ဖြန့်ဝေပေးနိုင် ရေး ပူးပေါင်းဆောင်ရွက်နေကြောင်း ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ကို  Prudence Foundation ကအဓိကအချက်တစ်ခုအနေဖြင့် ဆောင်ရွက်နေသကဲ့သို့ ကလေးသူငယ်နှင့် ပညာရေး အတွက်လည်း အသားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်း များဘေးကင်းလုံခြုံစေရေးအစီအစဉ် (Safe Schools Programme )သည် လက်ရှိလုပ်ဆောင်နေဆဲဖြစ်သော ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု ပဏာမလုပ်ဆောင်မှုများထဲတွင် ပါဝင်သော အစီအစဉ်တခုဖြစ်ကာ ထိုအစီအစဉ်သည် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများရှိကျောင်းများတွင် ကျောင်းတွင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု တိုးမြှင့်ရန် ရည်ရွယ်၍ Save the Children နှင့် Plan International အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။ SAFE STEPS ဟာ Prudential ရဲ့ ရေရှည်တစိုက်မတ်မတ်ဖြင့် ရပ်ရွာများ ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြော စေရေးအတွက် လုပ်ဆောင်နေတဲ့ သက်သေသာဓက တစ်ခုဖြစ်ကြောင်း၊ ဒီအစီအစဉ်က ဒေသတွင်း ဘေးအန္တရာယ်ကာကွယ်ရန် ကြိုတင်ပြင်ဆင်ရေး၊ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်တဲ့အခါ ပုဂ္ဂလိက အခန်းကဏ္ဍ၊ အစိုးရ၊ ရပ်ရွာ နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့များအကြား ပူးပေါင်း ကြိုးပမ်းမှု ခိုင်မာတောင့်တင်းမှုရှိလာစေရန် အထောက်အကူ တစ်ခုအနေဖြင့် စွမ်းဆောင်နိုင်မယ်လို့ မျှော်မှန်းထားကြောင်း Mr. Stowe က ပြောကြားခဲ့ပါသည်။