Presence by Amy Cuddy

amycuddy1

သူဟာ ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ လူမှုရေးဆိုင်ရာ စိတ္တဗေဒပညာရှင် တစ်ဦးဖြစ်တယ်။ သူ့ရဲ့ ၂၀၁၂ ခုနှစ်က တင်ဆက်ခဲ့တဲ့ 'သင့်ရဲ့ကိုယ်အမူအရာ သင်ဘယ်သူလဲဆိုတာပြတယ်' ဆိုတဲ့ အစီအစဉ်ကို အွန်လိုင်းမှာ အကြိမ် သန်း ၄၀ လောက် လူတွေဝင်ရောက်ကြည့်ရူခဲ့ပြီး ဖြစ်တယ်။

မကြာခင်ထုတ်ဝေတော့မယ့် အခုစာအုပ်ထဲမှာ သင့်စိတ်ထဲမှာ ထင်မှတ်ယူဆနေတဲ့အထင်အမြင်ကို ပြုပြင်လို့ရကြောင်း၊ အဲဒီလိုပြုပြင်လိုက်ရင် မိမိကိုယ်မိမိ မဝံ့မရဲဖြစ်တာ ပျောက်သွားနိုင်ပြီး မိမိကိုယ်ကို မိမိယုံကြည်စိတ်ချလာကာ မိမိရဲ့ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ထုတ်ဖော်နိုင်စွမ်း ရနိုင်ကြောင်း တင်ပြထားတယ်။

ညွန့်သောင်း