Presence

Presence:

Bringing Your Boldest Seft to Your Biggest Challages

Presence

သင်ဟာ အလုပ်အတွက် အင်တာဗျူးဖြေအပြီး အနုပညာဖျော်ဖြေရေးတစ်ခုလုပ်အပြီး သူများနဲ့ ခက်ခက်ခဲခဲ စကားပြောအပြီး စိတ်ညစ်သွားတဲ့အခါ ဒီတစ်ခါတော့ ရှိပါစေတော့။ နောက်တစ်ခါ တစ်ကနေပြန်လုပ်လို့ရရင် ကောင်းမှာပဲဆိုတဲ့ အတွေးတွေ မဝင်မိဘူးလား။ အဲဒီအခါမျိုးမှာ ရဲရဲဝံ့ဝံ့ နေရမယ့်အစား ဟန်ကလေးဆောင်ပြီး ဘာမှမလုပ်နိုင်ဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်တယ်။ လူတွေဟာ ဘဝရဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ကြောက်ရွံ့စိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ ချဉ်းကပ်လုပ်ကိုင်လေ့ရှိတယ်။ ပြီးတော့လည်း စိတ်မကောင်းဖြစ်နေလေ့ရှိကြတယ်။ ဒီအချိန်မျိုးမှာ သူများတွေက ကိုယ့်ကို ဘာထင်နေလဲဆိုတာ စိတ်ဆင်းရဲနေမယ့်အစား ကိုယ့်ကိုယ်ကိုယ်ဘယ်လိုမြင်နေသလဲဆိုတာ သတိထားကြည့်ဖို့လိုတယ်။ ဘာသာရေးလိုက်စားရမယ်လို့ မဆိုလိုပါဘူး။

စာရေးသူဟာ သူ့ရဲ့ TED လို့ ခေါ်တဲ့ နည်းပညာ၊ ဖျော်ဖြေရေးနဲ့ ဒီဇိုင်းဆိုင်ရာဟောပြောပွဲတွေမှာ လူကြိုက်များသူတစ်ဦးဖြစ်တယ်။ သိပ်ပြီး စိတ်ဖိအားများတဲ့အချိန်မျိုးတွေမှာ စိုးရိမ်ကြောက်ရွံ့စိတ်တွေကင်းကင်းနဲ့ အလုပ်ကို အထိရောက်ဆုံးလုပ်ကိုင်နိုင်မယ့်နည်းတွေကို တင်ပြထားတယ်။ အဲဒီလိုအခြေအနေအချိန်အခါမျိုးကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုလည်း စံပြအဖြစ် စာအုပ်ထဲမှာ တင်ပြထားတယ်။

စာရေးသူ Amy Cuddy ဟာ သူမကိုယ်တိုင် ဦးနှောက်မှာ ဒဏ်ရာရခဲ့ဖူးပြီး အဲဒီအခက်အခဲကြားကပဲ (Harvard Business School) မှာ ပါမောက္ခအသင်းအထိရအောင် ကြိုးစားနိုင်ခဲ့တယ်။ လူမှုရေး စိတ္တဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ သူမဟာ ၂၀၁၂ ခုနှစ်တုန်းက လူသိများခဲ့တဲ့ TED ဟောပြောပွဲမှာ သင့်ရဲ့ကိုယ်အမူအယာ၊ ကိုယ်နေဟန်ထားဟာ သင်ဘယ်သူဆိုတာပြသနေတယ် (Your Body Shapes Who You Are) ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောခဲ့တယ်။ အခုစာအုပ်ဟာ အဲဒီဟောပြောချက်ပါ အယူအဆတွေကို အခြေခံထားတာဖြစ်တယ်။