Premium Marketing Ltd မှ Panfix အမှတ်တံဆိပ် တိပ်များကို တင်သွင်း

panfix သစ်ပျော့ဖတ်၊ ပြန်လည်အသုံးပြုနိုင်တဲ့ အပင်ထွက်ပစ္စည်း စတဲ့ သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ Cellophane တိပ်ဟာ ရေနံကနေထုတ်လုပ်တဲ့ တိပ်တွေထက် ပိုမိုကောင်းမွန်ကာ စွဲကပ်အားကောင်းပြီး မျက်နှာပြင်မရွေး ကပ်နိုင်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ Nichiban ကုမ္ပဏီမှ ထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်မှာ Panfix အမှတ်တံဆိပ်တိပ်ကို ရောင်းချလျက်ရှိတယ်လို့သိရပါတယ်။ ထူးခြားချက်တွေအနေနဲ့ တိပ်ကို လက်နဲ့အလွယ်တကူဖြတ်နိုင်တာ၊ တည်ငြိမ်လျှပ်စီးနည်းပါးခြင်းကြောင့် စက္ကူမှာ အလွန်စွဲကပ်နေတာမျိုးမဖြစ်နိုင်တာ၊ တိပ်ကို မီးရှို့ဖျက်ဆီးမယ် ဆိုရင်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု နည်းတာကြောင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုင်နိုင်တာ၊ သဘာဝကုန်ကြမ်းတွေကို အသုံးပြုထားတာကြောင့် မြေသြဇာပြန်ဖြစ်ဖို့ လွယ်ကူတာ စတဲ့အချက်တွေ ရှိပါတယ်။ Panfix အမှတ်တံဆိပ် Cellophane တိပ်တွေကို စာအိတ်ပိတ်ခြင်း၊ လက်မှုပစ္စည်းတွေမှာ သုံးစွဲခြင်း၊ လက်ဆောင်ထုပ်ပိုးခြင်း၊ မှတ်စုစာရွက်ငယ်တွေ ကပ်ခြင်း၊ ပိုစတာကပ်ခြင်း စတဲ့နေရာတွေမှာ လွယ်လွယ်ကူကူ အသုံးပြုနိုင်တယ်လို့လည်း ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဖုန်း ၀၁ ၂၃၀၄၂၀၇ ၊ ၀၉ ၇၃၁၀၂၀၂၉ ၊ ၀၉ ၅၅၀၁၈၈၃ နဲ့ [email protected] တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။