အီတလီဖက်ရှင်အမှတ်တံဆိပ် Prada ဟာ ဥရောပမှာပြန်ပြီး အခြေအနေ ကောင်းလာသလို တရုတ်နိုင်ငံမှာ လည်း လုပ်ငန်းဖွံ့ဖြိုးမှု အလားအလာ ကောင်းများ ရှိနေပါတယ်။ ဟောင် ကောင်အပါအဝင် တရုတ်တစ်နိုင်ငံလုံး အတွက် ယခုနှစ် ပထမနှစ်ဝက်အတွက် ရောင်းအားက ၂၀ ရာခိုင်နှုန်းသာ ဖွံ့ဖြိုးလာပြီး၊ ယမန်နှစ် အဲဒီအချိန်က ဖွံ့ဖြိုးမှုနှုန်းဖြစ်တဲ့ ၃၅ ရာခိုင်နှုန်းထက် ပိုမိုနှေးကွေးသွားပါတယ်။ အထူး သဖြင့် ဒုတိယအဆင့်မြို့တွေမှာ ဖွင့် လှစ်လျက်ရှိတဲ့ ဆိုင်များမှာ ရောင်စုံသားရေလက်ကိုင်အိတ်တွေကို နှစ် ခြိုက်စွာ ဝယ်ယူလျက်ရှိကြပါတယ်။ “တရုတ်နိုင်ငံအတွက် ဖွံ့ဖြိုးမှုအလား အလာက သိပ်ကိုကောင်းနေပါတယ် လို့” ဘဏ္ဍာရေး အရာရှိချုပ်ဖြစ်သူ Donatello Galli က ပြောပါတယ်။ အီတလီနိုင်ငံဟာ Prada ရောင်းအား ရဲ့ ၁၈ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး၊ အီတလီစတိုးဆိုင်တွေမှာ ရောင်းအား အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ မိခင်နိုင်ငံရဲ့ဈေးကွက် တစ်ခုလုံး တကယ်ပြန် ကောင်းလာတယ်လို့ ပြောဖို့တော့ စောနေပါသေးတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဥရောပဒေသ တစ်ခုလုံး အတွက်ဆိုရင်တော့ ကမ္ဘာလှည့်ခရီးသည်တွေက ငွေကြေးပို မိုသုံးစွဲလာနေသလို စီးပွားရေးကလည်း တဖြည်း ဖြည်း ပြန်လည်နိုးထလာနေတဲ့အတွက် Prada ရဲ့ လုပ်ငန်းတွေ အလားအလာကောင်းနေတာ ဖြစ်ပါတယ်။ စုစုပေါင်း စတိုးဆိုင် ၄၉၁ ဆိုင်ရှိတဲ့ Prada ဟာ အခုနှစ် မှာ ဆိုင်ပေါင်း ၈၀ ခန့် ဖွင့်လှစ်ရန် ရှိပြီး ကာဇက်စတန်၊ မော်ရိုကိုနဲ့ ကာတာအစ ရှိတဲ့ ဈေးကွက်အသစ်တွေ ကိုလည်း ဝင်ရောက်ဖို့ အစီအစဉ်များရှိ နေပါတယ်။