မတ်လအစောပိုင်းက လွှတ်တော်ရဲ့ သဘောတူညီချက်ရခဲ့တဲ့ Balik Scientist Act ဥပဒေကို ၂၀၁၈ ပထမနှစ်ဝက်အဆုံးမှာ သမ္မတရိုဒရီဂိုဒူတာတေးက အတည်ပြုချက်ရရှိပြီး အကောင်အထည်ဖော်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီဥပဒေက ပညာရပ်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလုပ်ငန်းကြီးတွေရဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်တွေကို ခိုင်မာအောင်လုပ်ရန် ရည်ရွယ်ပြီး ဗဟုသုတဝေမျှမှုကို တိုးမြှင့်စေဖို့နဲ့ နိုင်ငံထဲ နည်းပညာအသစ်တွေ စီးဝင်လာမှုကို အရှိန်မြင့်သွားဖို့ ဖြစ်ပါတယ်။
ဒီပြုပြင်ပြောင်းလဲရေးက ဖိလစ်ပိုင်နိုင်ငံရဲ့ လက်ရှိသိပ္ပံဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်လျော့နည်းမှုကို ကူညီဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒီဥပဒေရဲ့ပြောင်းလဲမှုတွေအရ ဖိလစ်ပိုင်နိုင်ငံကို ယာယီပြန်လာတဲ့ သိပ္ပံပညာရှင်တွေကို တင်သွင်းလာတဲ့ စက်ပစ္စည်းတွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့်တွေနဲ့ ဆေးဘက်ဆိုင်ရာ အာမခံကင်းလွတ်ခွင့်တွေ ခွင့်ပြုသွားမှာဖြစ်သလို နိုင်ငံကို အပြီးပြန်လာတဲ့ သိပ္ပံပညာရှင်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ကလေးကျောင်းစရိတ်၊ အိုးအိမ်နေရာပေးမှု၊ လစဉ်နေထိုင်မှုစရိတ်၊ ဓာတ်ခွဲခန်းတည်ထောင်ဖို့ ငွေကြေးထောက်ပံ့မှုတွေကို ပေးသွားမှာ ဖြစ်ပါတယ်။
ပြီးနောက် ပညာရပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းတွေ ပူးပေါင်းပြီး တီထွင်ဖန်တီးမှုနဲ့ စွန့်ဦးတီထွင်မှုတွေကို အားပေးသွားမှာ ဖြစ်ပါတယ်။