လုံခြုံရေးဥပဒေချိုးဖောက်မှုကြောင့် ဖိလစ်ပိုင်စရိတ်သက်သာလေကြောင်းလိုင်း Zest Air ပိတ်ခံရ

Philippine budget carrier grounded over safety issyes လုံခြုံရေးဆိုင်ရာဥပဒေချိုးဖောက်မှုတွေကြောင့် ဖိလစ်ပိုင်စရိတ်သက်သာလေကြောင်းလိုင်း Zest Air ကို ပျံသန်းခွင့်ပိတ်ပင်ခဲ့တယ်လို့ ဖိလစ်ပိုင်လေကြောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆိုပါတယ်။ Zest Air   အနေနဲ့ လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက် မှုတွေပြုလုပ်ပြီးမှသာ  ပိတ်ပင်မှုကို  ဖယ်ရှားပေးမှာဖြစ်တယ်လို့ ဖိလစ်ပိုင်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် John Andrews က ဆိုပါတယ်။ ဇူလိုင်လ ၂၂ ရက်နဲ့ သြဂုတ်လ ၁၃ ရက်အတွင်း Zest Air ရဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်ငါးခုဟာ ဟိုက်ဒရောလစ်စနစ် ချို့ယွင်းမှု၊ လောင်စာ ဆီလျံကျမှုနဲ့ လောင်စာဆီကြားဆက်ကိရိယာအဖုံး မပါဝင်တာစတဲ့ ပြဿနာတွေကြောင့် ပျံသန်းခွင့်တားမြစ်ခံခဲ့ ရပါတယ်။ Ref: CNA