Pfizer က AstraZeneca နဲ့ ပူးပေါင်းဆောင်ရွက်လို

article landscape wartermark final5 ကမ္ဘာ့အကြီးဆုံးဆေးဝါးထုတ်လုပ် ရေးလုပ်ငန်း (Pfizer) ဟာ လန်ဒန် အခြေစိုက်ရင်ကျပ်ရောဂါနဲ့ နှလုံးရော ဂါဆေးဝါးတွေထုတ်လုပ်တဲ့ Astra - Zeneca ကုမ္ပဏီနဲ့ ပူးပေါင်းဖက်စပ် လုပ်လိုကြောင်း လန်ဒန်ထုတ် Sunday  Times သတင်းစာက ဖော်ပြခဲ့ပါ တယ်။ တကယ်ဝယ်ဖြစ်ပါက Astra Zeneca ကို ဒေါ်လာ ၁၀၁ ဘီလီယံ ပေးပြီး ဝယ်ယူလုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက တစ်စုံတစ်ရာ ဝေဖန်ပြော ဆိုခြင်းတော့ မရှိသေးပါဘူး။ Pfizer ဟာ Warner - Lambert Co ကို တစ်ခါတုန်းက ဒေါ်လာ ၈၇ ဘီလီယံပေးပြီး ဝယ်ယူ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့အနှစ် ၂၀ ကာလအတွင်း ကုမ္ပဏီအချင်းချင်း ဝယ်ယူပြီး တစ်ပေါင်းတည်းလုပ်ကိုင် ကြတဲ့ဖြစ်ရပ် ဆယ်ခုရှိတဲ့အနက် Pfizer ဟာ သုံးခုမှာပါဝင်ခဲ့တယ်။ အဲဒီ ဆယ် ခုမှာ အကျုံးဝင်တဲ့ငွေပမာဏဟာ ဒေါ် လာ ၃၀ ဘီလီယံဖြစ်တယ်။ Pfizer ဟာ ဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံခြား မှာ ရရှိစုဆောင်းထားတဲ့ ငွေကြေး အမြတ်အစွန်းတွေကို အခွန်အများကြီး ပေးဆောင်ရတဲ့ အမေရိကန်ပြည်ထောင် စုကို ပြန်ယူလာစရာမလိုတော့ပါဘူး။ အခွန်သက်သာသွားတာပါပဲ။ ဒါ ကြောင့်လည်း နိုင်ငံခြားမှာ အခြေစိုက် တဲ့ကုမ္ပဏီတွေကို ဝယ်ယူလုပ်ကိုင် တာဟာ တွက်ခြေကိုက်တယ်လို့ ဆိုရ မှာပါပဲ။

    Ref: Bloomberg