Panasonic ရဲ့ B2B နဲ့ B2C ကုန်ပစ္စည်းများပြပွဲ

Panasonic ကုန်ပစ္စည်းများပြပွဲကို ရန်ကုန်မြို့ရှိ Sule Shangri-La မှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလဘ ၁၈ ရက်က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို Panasonic Asia Pacific ရဲ့ မန်နေးဂျင်းဒါရိုက်တာ Mr. Junichiro Kitagawa က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုမ္ပဏီရဲ့ B2B (Business to Business) နဲ့ B2C (Business to Consumer) ကုန်ပစ္စည်းတွေကို ဆိုင်ခန်း ၆ ခန်းခွဲပြီး ခင်းကျင်းပြသပေးခဲ့ပါတယ်။ Panasonic ကုမ္ပဏီကို ၁၉၈၁ ခုနှစ်တွင် ဂျပန်နိုင်ငံမှာ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများတွင် ကုမ္ပဏီပေါင်း ၅၀၀ ကျော်ဖွင့်လှစ်ထားကာ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်တွင် ရုံးခွဲဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင်မြို့တွေမှာ Showroom တွေဖွင့်လှစ်သွားမှာ ဖြစ်ပြီး ကုန်ပစ္စည်းတွေကို ရောင်းချသွားရုံတင်မဟုတ်ဘဲ After Sales Service ဝန်ဆောင်မှုတွေကိုပါ ပေးသွားမယ်လို့ Panasonic မြန်မာရဲ့ Chief Representative Mr. Hisakazu Maeda က ပြောကြားခဲ့ပါတယ်။ Panasonic 10 Panasonic 6 Panasonic 5 Panasonic 4  Panasonic  9 Panasonic  7 Panasonic  1 Panasonic 3 Panasonic 2